စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ် ၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

        စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက် နေ့မှ (၂၄)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/ တင်သွင်းစာရင်းများအရ ပို့ကုန် အမေရိကန်ဒေါ်လာ (၀.၂၈၁၂)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ(-)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၈၁၂)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

        တင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင်အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၁၂၅)တန်၊ တန်ဖိုး (၀.၀၁၂၅) ဒေါ်လာသန်း၊  ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၇၈)တန်၊ တန်ဖိုး (၀.၀၀၉၀) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ(၃၀၀)နှုန်းဖြင့်(၁၈)တန်၊ တန်ဖိုး (၀.၀၀၅၄) ဒေါ်လာသန်း၊ကွမ်းသီး(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၃၂၁)နှုန်းဖြင့် (၄.၅)တန်၊ တန်ဖိုး (၀.၀၁၀၄)ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၅၉.၇၆)တန်၊ တန်ဖိုး (၀.၀၇၄၇) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၂-၃)(၁)တန်လျှင်အမေရိကန်ဒေါ်လာ(၁၂၈၀)နှုန်းဖြင့် (၇၂.၆၇၂)တန်၊ တန်ဖိုး (၀.၀၉၃၁) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်းဖြင့် (၃၇.၁၀၄)တန်၊ တန်ဖိုး (၀.၀၄၉၀) ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ(၅-၈) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၆၀) နှုန်းဖြင့် (၆.၅၇၆)တန်၊ တန်ဖိုး (၀.၀၀၈၂) ဒေါ်လာသန်းနှင့် ငါးသိုင်းခေါင်းပွ(၈ ကီလိုအထက်)(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၈.၁၆)တန်၊ တန်ဖိုး (၀.၀၁၁၄) ဒေါ်လာသန်းနှင့် ဆီးယိုထုပ်(၁)တန်လျှင်အမေရိကန်ဒေါ်လာ (၂၅၀)နှုန်း ဖြင့်(၃၀)တန်၊တန်ဖိုး (၀.၀၀၇၅) ဒေါ်လာသန်း တို့ကို တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်တင် သွင်းနိုင်ခဲ့ခြင်းမရှိပါ။

        ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁) ဒေါ်လာလျှင် (၁၁၉)တာကာနှင့် (၁)တာကာလျှင် (၂၇.၅၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ် (၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိှ ကြောင်းသိရှိရပါသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်းအခြေ အနေမှာ ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ်မူတည်၍ ကုန်တင်လှေများသွားလာလျက်ရှိပါသည်။

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာပေါက်စျေးမှာ (၁)တန်လျှင် (၉၀၉၀၉.၀၉) တာကာ၊ ဘိလပ်မြေ(၁) တန်လျှင် (၁၀၉၀၉.၀၉) တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၄၄၂.၃၆)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၄၁၃.၂၇) တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံလျှင် (၄၂၉.၈၂)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၄၃၆.၃၆) တာကာနှင့်သံချောင်း(၁)တန်လျှင်(၆၃၆၃၆.၃၆)တာကာစျေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက် အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၇.၅၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

        ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိက ထားထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကိုတင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။