ြမိတ်ဒေသထွက်ရော်ဘာများစျေးကောင်းရလျက်ရှိ

နိုဝင်ဘာလ၂
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်တွင်ပူအိုက်စွတ်စိုသောရာသီဥတုရှိရာနှစ်ရှည်စက်မှုသီးနှံဖြစ်သည်ရော်ဘာများစွာဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း၊ မြိတ်ခရိုင်အတွင်းမြို့နယ် (၇)ခုရှိသည့်အနက်မြိတ်၊ ကျွန်းစု၊ပုလော၊တနင်္သာရီမြို့နယ်တို့တွင် ရော်ဘာစိုက်ဧက (၁၄၇၀၀၀)ကျော်စိုက်ပျိုးလျက်ရှိကြောင်းခရိုင်တွင်း စိုက်ပျိုးရေးအချက်အလက်များအရ သိရှိ ရသည်။ပြီးခဲ့သည့်နှစ်များက ရော်ဘာတစ်ပိဿာလျှင် ငွေ ၂၅၀၀ကျပ်၊ ၂၆၀၀ကျပ်သာ စျေးရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ရော်ဘာတစ်ပိဿာကို ငွေ ၄၀၀၀ကျပ်အထိ စျေးကောင်း ပြန်လည်ဦးမော့လာသည်။ ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်း ရော်ဘာလုပ်ငန်းများစတင်ချိန် စက်တင် ဘာလပိုင်းလောက်မှစ၍  ရော်ဘာတစ်ပိဿာကို ငွေ ၅၀၀၀ကျပ်အထိ စျေးကောင်းရနေသဖြင့် ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာအစေးခြစ်လုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ မြိတ်ဒေသထွက် ရော်ဘာများကို ပြည်ပသို့ တင်ပို့လျက်ရှိရာ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ရော်ဘာ တန်(၄၀၃)တန်အား ပင်လယ်ရေကြောင်းမှတစ်ဆင့် မြိတ်မှ မလေးရှားနိုင်ငံတစ်ဆင့်ခံဖြင့် ဝယ်လိုအားရှိသော တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။