ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်စုံ၏ မိုးစပါးဈေးကွက်ဈေးနှုန်းကျပြီး အရောင်းအဝယ်အေး

Tue, 03/07/2017 - 07:07 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စုံမိုးစပါး ဈေးကွက်မှာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက စပါး၊ ဆန် ဈေးနှုန်းများကျဆင်းလျက်ရှိရာ ယခုလက်ရှိဈေးကွက်မှာ အများအားဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်း ယခု ရက်ပိုင်းအတွင်း ပုသိမ်ခရိုင်အတွင်းရှိ အချို့မြို့နယ်များတွင် စပါးတင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀ ဝန်းကျင်မြင့်တက်လျက်ရှိ ကြောင်း ဆန်စပါးဈေးကွက်မှသိရပါတယ်။
ယခင်နှစ်ကာလတူမိုးစပါးဈေးနှုန်းမှာ ဧည့်မထ (၄၆)ပေါင်တင်း ၁၀၀ကို ကျပ်၅၇၀၀၀၀မှကျပ်၆၂၀၀၀၀ ဝန်းကျင် ဈေးနှုန်းနှင့်ဆန်တစ်အိတ်လျှင် ကျပ်၂၂၀၀၀မှ ကျပ် ၂၄၀၀၀ ဝန်းကျင်ရှိပါတယ်။ ယခုလက်ရှိ  ဧည့်မထ ဆန်စပါးေ ပါက်       ဈေးမှာ မြို့နယ်စုံ ၄၆ ပေါင် တင်း ၁၀၀ ကို ကျပ် ၄၃၀၀၀၀မှ ကျပ် ၄၅၀၀၀၀ ဝန်းကျင်ဈေးနှင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀၀ မှ ကျပ် ၁၈၀၀၀  ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက စပါးတင်း၁၀၀ကို တစ် သိန်းကျော်နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀ ဝန်းကျင်စပါး၊ ဆန်ဈေးနှုန်းများ လျော့နည်းမှုရှိကြောင်း ဈေးကွက်သတင်း များအရ သိရပါတယ်။ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသော ဆန်စပါးဈေးကွက်၏ အဓိကဝယ်လိုအားမှာ အညာဒေသ၊ မူဆယ်ဈေးကွက်၊ ရန်ကုန်မြို့နှင့်  ပြည်တို့ဖြစ်ပြီး ဒေသတွင်းမှ ဟင်္သာတမြို့နယ်အပြင် အခြားဒေသများသို့လည်း တင်ပို့ ရောင်းချလျက်ရှိရာ  ဈေးကွက်ဝယ်လိုအား အပေါ်မူတည် ၍ ဈေးနှုန်း အတက်အကျရှိကြောင်း ဆန်စပါးအသိုင်းအဝိုင်းမှ သိရပါတယ်။                            
 မင်းမင်းဦး(ပုသိမ်)