မတ်ပဲဈေးနှုန်းများ မြင့်တက်

Thu, 09/15/2022 - 07:42 -- admin_ygn

ပြည်တွင်းမတ်ပဲဈေးနှုန်းသည်  ယခင်သီတင်းပတ် တစ်ပတ်လုံး တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ အထက်တွင် ရှိခဲ့ရာမှ တဖြည်းဖြည်း ဈေး ထပ်မံမြင့်တက်လာကြောင်း တွေ့ရသည်။
သီတင်းပတ်တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများ မှာ သြဂုတ် ၂၅ ရက်တွင် တစ်တင်းလျှင် ကျပ် ၆၁၈၀ဝ၊ ၂၆ ရက်တွင် ကျပ် ၆၂၀ဝ၀၊ ၂၇ ရက်တွင် ကျပ် ၆၃၂၀ဝ၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျပ် ၆၄၂၀ဝ၊ ၃၀ ရက်တွင် ကျပ် ၆၄၈၀ဝ၊ ၃၁ ရက်တွင် ကျပ် ၆၆၇၀ဝ၊ စက်တင်ဘာ ၁ ရက်တွင် ကျပ် ၆၇၃၀ဝ၊ ၂ ရက်တွင် ကျပ် ၆၅၅၀ဝ အသီး သီးဖြစ်ခဲ့သည်။
သုံးသပ်ချက်အရ  လက်ရှိဈေးနှုန်းများသည် ပြည်တွင်းငွေကြေး ဈေးနှုန်းပေါ်  မူတည်နေကြောင်း တွေ့ရသည်။ စက်တင်ဘာ ၁ ရက် ဒေါ်လာဈေး အနည်းငယ်ကျဆင်းပြီးနောက် စက်တင်ဘာ၂ ရက်တွင် မတ်ပဲဈေးနှုန်းသည်  တစ်တင်းလျှင် ကျပ် ၂၀ဝ၀ ဝန်းကျင် ပြန်လည် ကျဆင်းသွားသည်။ ယခင်သီတင်းပတ်အတွင်း ချန်နိုင်းနှင့် မွမ်ဘိုင်း ဈေးကွက်တွင်လည်း မတ်ပဲဈေး တက်လာကြောင်းတွေ့ရပြီး မြန်မာနိုင်ငံမှ မတ်ပဲ တင်သွင်းမှု နှေးသွားခြင်းကြောင့် ဈေးမာလာခြင်းဖြစ်ကြောင်းလည်း တွေ့ရသည်။NAFED ၏ အဆိုအရ အိန္ဒိယနိုင်ငံတွင် မတ်ပဲလက်ကျန် နည်းနေပြီး ၎င်းတို့အနေဖြင့် မတ်ပဲ  တန်ချိန်  ၅၀ဝ၀ဝ ဝယ်ယူရန်ရှိပြီး ယခုကာလတွင်လည်း တစ်ရက်လျှင် တန်ချိန် ၂၀ဝ၀ ခန့် ပုံမှန်ဝယ်ယူ လျက်ရှိကြောင်း ပြောကြားသည်။
ပြည်နယ်အချို့တွင် မတ်ပဲသစ်အဝင်ရှိနေသော်လည်း ရိတ်သိမ်း ရာသီတွင်း မိုးကောင်းနေသဖြင့် မတ်ပဲ အပျက်အစီးရှိကြောင်းလည်း  Agri Worldက တင်ပြထားသည်။ အိမ်နီးချင်းနိုင်ငံ၏ပဲလိုအပ်ချက်အရ လည်းကောင်း၊ ပြည်တွင်းငွေကြေးတန်ဖိုးကို လိုက်၍လည်းကောင်း ပြည် တွင်း မတ်ပဲဈေးနှုန်းများ အတက်ဘက်သို့ ဆက်လက်ဦးတည်နေသည်။ ဈေးနှုန်းဆက်တက်နေဦးမည်ဖြစ်သော်လည်း ပြည်တွင်းငွေကြေးဈေးနှုန်း ပေါ်မူတည်၍လည်း ဈေးအတက်အကျ ဖြစ်ပေါ်နေမည်ဖြစ်သည်။
ဧရာကုန်သွယ်မှုဗဟိုဌာန

Local Trade News

Pages