စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

Thu, 09/15/2022 - 07:47 -- admin_ygn

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  စားသုံးသူရေးရာဦးစီးဌာန နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပြီး စက်တင် ဘာ ၅ ရက်တွင် ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်မြို့နယ်ရှိ သာဂရကျေးရွာ ငါးဆူကျေးရွာ၊ သင်တောင်းကြီးကျေးရွာ၊ အင်းကုန်းစက်မှု လယ်ယာဝန်းတွင် လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်တွင် တရုတ်စုရပ်ကွက်နှင့် စက်ရုံ အားကစားကွင်းတွင် လည်းကောင်း ၊ မြစ်သားမြို့နယ်တွင် လမ်းခွကျေးရွာနှင့် ရွှေပေါ်ကျွန်း ကျေးရွာတွင် လည်းကောင်း စားသုံးသူပြည်သူများသို့ စားအုန်းဆီများ ဈေးကားများဖြင့် ရောင်းချ လျက်ရှိရာ စားသုံးဆီတစ်ပိဿာလျှင် ကျပ် ၅၆၀ဝ နှုန်းဖြင့် လူတစ်ဦးလျှင် တစ် ပိဿာနှုန်း ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။ 
အလားတူ ပြင်ဦးလွင်ခရိုင်အတွင်း ပြင်ဦးလွင်မြို့နယ်နှင့် မတ္တရာမြို့နယ် တို့တွင်လည်း သက်သာသောဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား ဈေးကား များဖြင့်  ရောင်းချပေးလျက်ရှိပြီး  ထိုသို့ စားအုန်းဆီရောင်းချသည့် နေရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများက စိစစ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                              သန်းသန်းမိုး

Local Trade News

Pages