သြဂုတ် လကုန်ပတ်မုံရွာ ဆီထွက် သီးနှံ ဈေးကွက် မြေပဲနဲ့ နှမ်းဈေးအေးသလို ဆီဈေးပါကျလာ

Thu, 09/08/2016 - 08:09 -- admin_ygn

သြဂုတ် လကုန်ပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲလုံးဆန်နဲ့ နှမ်းမျိုးစုံပါ ဈေးဆက်လက်ကျဆင်း သွားခဲ့လို့ ဆီဈေးပါ လိုက်လံကျ ဆင်းခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း မြေပဲဆန် ဈေးကွက်မှာ လုံးဆန် (နီ)တစ်ပိသာ ၂၁၅၀ ကျပ်နဲ့ လုံးဆန် (ဖြူ) တစ်ပိသာ ကျပ် ၂၀၀၀၊  ၁၉၅၀ ကျပ်အထိ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ဆီဆန်(အသစ်)မှာလည်း တစ်  ပိသာ ၁၈၂၅ ကျပ်အထိ ဈေးကျခဲ့တာ တွေ့ရပါတယ်။ လုံးဆန်နဲ့ ဆီဆန်ဈေးကျတဲ့အတွက် သြဂုတ်လဆန်းက တစ်ပိသာကျပ် ၄၄၀၀ ဈေးပေါက်ခဲ့တဲ့ ပဲဆီဟာတစ်ပိသာ ကျပ် ၃၉၀၀ အထိ ဈေးကျသွားခဲ့တာတွေ့ရပါတယ်။
ယခုတစ်ပတ် နှမ်းမျိုးစုံ ဈေးကွက် မှာတော့ မိုးဦးနှမ်းတွေ စတင်ဝင်လာနေပေမယ့် ပြည်ပဝယ်လက် အနုတ်လေးနေလို့ ဈေးဆက်လက် အေးခဲ့ရာ နှမ်းညို (သစ်)တစ်တင်း ကျပ် ၂၄၀၀၀၊ နှမ်းဝါ တစ်တင်းကျပ် ၂၃၀၀၀၊ နှမ်းနီ တစ် တင်း ကျပ် ၂၄၅၀၀၊ နှမ်းဖြူတစ်တင်း ကျပ် ၂၇၀၀၀ - ကျပ် ၂၉၀၀၀ နဲ့  နှမ်းနက် တစ်တင်း ၄၇၀၀၀ ကျပ်အထိ ဈေးအသီးသီး အနိမ့်ဆုံးပေါက်ခဲ့တာတွေ့ ရပါတယ်။ နှမ်းဈေးအေးသလို နှမ်းဆီ ဈေးလည်း လဆန်းပိုင်းက တစ် ပိသာ ကျပ် ၃၃၀၀ ပေါက်ခဲ့ရာမှ ယခု ကျပ် ၃၁၀၀ ဈေး အထိ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ စားအုန်းဆီ ဈေးကတော့ တဖြည်းဖြည်း ဈေးမာလာခဲ့ကာ ယခုတစ်ပတ်မှာ တစ်ပိသာ ကျပ် ၁၈၆၀ အထိ အမြင့် ဆုံးပေါက်ေ ဈး  ဖြစ်ပေါ်ခဲ့တယ်လို့ မုံရွာ ကုန်စည်ဒိုင်ရပ်ကွက်က သိရှိရပါတယ်။   ထွန်းလှိုင်(မုံရွာ)

Local Trade News

Pages