Myanmar Business Chamber of Luxembourg ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးကျင်းပ

Mon, 12/15/2014 - 12:55 -- admin_ygn

   နိုဝင်ဘာလ ၂၆ရက်နေ့တွင် လူဇင်ဘတ်နိုင်ငံ၊ လူဇင်ဘတ်မြို့၌ Myanmar Business Chamber of Luxembourg ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပခဲ့ သည်။ အဆိုပါအစည်းအဝေးသို့ ဘယ်လ်ဂျီယံ နိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် လူဇင်ဘတ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ Myanmar Business Chamber of Luxembourg  ၏ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ လူဇင်ဘတ်ကုန်သည်ကြီးများအသင်းမှ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဌာနအကြီးအကဲ၊ ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်မှ ဘင်္ဂလားဒေ့ရှ်နိုင် ငံ၊ နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ (Country Manager) နှင့် Indian Business Chamber of Luxembourg မှ ဥက္ကဋ္ဌတို့တက်ရောက်ခဲ့သည်။
   အစည်းအဝေးတွင် တက်ရောက် လာသူများသည် မြန်မာနိုင်ငံနှင့် လူဇင်ဘတ်နိုင်ငံအကြား Economic Fourm တစ်ခုအား ၂၀၁၅ ခုနှစ် တွင် ပြုလုပ်ရန်နှင့် ၂၀၁၅ ခုနှစ် သို့ မဟုတ် ၂၀၁၆ ခုနှစ်တွင် လူဇင်ဘတ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့စေလွှတ်ရန်အပါအဝင် မြန်မာနိုင်ငံနှင့် လူဇင်ဘတ်နိုင်ငံအကြား စီးပွားဆက်ဆံရေး တိုးမြှင့်နိုင်စေမည့် အကြောင်းအရာများကိုဆွေးနွေးခဲ့သည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

 

International Trade News

Pages