ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ် (EIF) အား မျက်နှာစာသစ်ဖွင့်လှစ်

ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ် (Enhanced  Integrated Framework-EIF) ကိုလုပ်ဆောင်ရာတွင် ၂၀၁၅ ခုနှစ် အား စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှင့်  ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ရမည့်နှစ်အဖြစ်   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)    က ခံယူထားပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ၂၀၁၄ ခုနှစ်တွင်ပြု လုပ်ခဲ့သောEIFစီအစဉ်၏အလုံးစုံအကဲ ဖြတ်လေ့လာဆန်းစစ်ချက် (Comprehensive EIF Evaluation)အရ EIF  အစီအစဉ်၏ ဒုတိယအဆင့်ကို ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ ဆောင်ရွက်သွားရန် သဘောတူညီမှုများ ခိုင်ခိုင်မာမာ ချမှတ်ထားပြီးဖြစ်ပါသည်။ EIFၤ အစီအစဉ်၏ ဒုတိယအဆင့်ကို ဖွံ့ဖြိုးမှု  အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကို  အဓိကထား­၍ ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။ သို့ဖြစ် ရာ ဖွံ့ဖြိုးမှုအနည်းဆုံး  နိုင်ငံများအနေဖြင့် EIF အစီအစဉ်၏ ဒုတိယအဆင့်ကို EIF  ၏မျက်နှာစာသစ်အဖြစ် ထပ်မံ ဖွင့်လှစ်သွား ရတော့မည်ဖြစ်ပါသည်။EIF  အစီအစဉ်၏ ဒုတိယအဆင့်၌  ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ များအနေဖြင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်တွင် ပိုမိုပါဝင်နိုင်စေရန် ကူညီပံ့ပိုးပေးနေသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအကူအညီများ ပါဝင်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံ၏ ကုန် သွယ်မှုများဖွံ့ဖြိုးတိုး တက်လာပြီး နိုင်ငံ၏စီးပွားရေးကိုပါ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများအား စနစ်တကျစီစဉ်ဆောင် ရွက်မည့် ကမ္ဘာလုံးဆိုင်ရာ မူဘောင်တစ်ရပ်လည်းဖြစ်ပါသည်။ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူ အညီတစ် ရပ်ဖြစ်သော   EIF   အစီအစဉ်ကို  ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအားလုံးသို့ ပေး အပ်ခြင်းဖြစ်ပြီး အဆိုပါLDC   နိုင်ငံများအနေဖြင့်  LDC   နိုင်ငံ အဆင့်မှ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သို့ မရောက် မချင်း ရရှိခံစားနိုင်ကြောင်း သိရှိရပါသည်။LDC  နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေး အကူအညီတစ်ရပ်ဖြစ်သော  EIF   အစီအစဉ်ပါ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကိုရယူပြီး မိမိတို့နိုင်ငံ၏ ကုန် သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စေရန် ဆောင် ရွက်လျက်ရှိပြီး ၎င်းင်းတို့အတွက်  များစွာအထောက်အပံ့ ဖြစ်စေ ကြောင်း သိရှိရပါသည်EIF  အစီအစဉ်သည် နိုင်ငံ၏  ကုန်သွယ်မှုအား စဉ်ဆက် မပြတ် တိုးတက်ဖြစ်ထွန်းစေကာ ယင်းမှတစ်ဆင့်နိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်မှု မဟာဗျူဟာ(Development Strategies)   ၊ နည်းဗျူဟာများ နှင့်အတူ လိုက်လျောညီထွေစွာပေါင်းစပ်ဆောင်ရွက်စေခြင်းဖြင့်  နိုင်ငံ၏ ဆင်းရဲမှု (Poverty Reduction) ကိုလျှော့ချရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)   ဆီသို့ လျှောက် လှမ်းနိုင်ရန်အတွက် မျှော်မှန်းထားကြောင်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့(WTO)  ၏ လုပ်ငန်းစဉ်တွင်ဖော်ပြထားပါသည်။ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့(WTO) အနေဖြင့်  ကုန်သွယ်မှုအကူအညီပေးရေး ရှေ့ပြေးအစီအစဉ် (Aid for Trade Initiatives) အဖြစEIF   အစီ အစဉ်ကို ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ယခုအခါ  အနာဂတ်တွင် အတူတကွပုံဖော်ခြင်းဟူသော EIF  ၏ရည်မှန်းချက်ကို ကမ္ဘာအနှံ့တွင် အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ခဲ့ပြီး ီူဃ   နိုင်ငံများအပါအဝင် ဆက်စပ်လျက်ရှိ သည့် ှအေုန့သိူနမျ   ၂၃၀ ကျော်တို့သည် ၂၀၁၅ ခုနှစ် နှောင်းပိုင်း ကာလတွင် EIF  ၏ ဆောင်ရွက်မှုများကို မျက်နှာစာသစ်အဖြစ် ဆက်လက်မြှင့်တင်ရန် သဘောတူညီမှုရခဲ့ပြီးဖြစ်သည်။ ထို့အပြင် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်အတွက် အသုံးပြု မည့်ရန်ပုံငွေ (EIF Trust Fund) များအား ထပ်မံဖြည့်စွက်ပေးရန် အလှူရှင်နိုင်ငံများ၏ ကတိကဝတ်များကိုလည်း  ရရှိထားပြီး ဖြစ် ပါသည်။ပြုပြင်ပြောင်းလဲမှုနှင့် ပဏာမအကောင်အထည်ဖော်မှုများ ကLDC  နိုင်ငံများတွင် လုပ်ဆောင်ရန် သဘောတူညီခဲ့ပြီးဖြစ်ပါ သည်။ EIF ၏ မျက်နှာစာအသစ်အား နိုင်ငံ၏  အခြေအနေ၊ ဦးတည်ချက်များနှင့် ပဏာမအကောင်အထည်ဖော်မှုများကို ပိုမိုထိရောက်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်သော ဖွဲ့စည်းမှုနှင့် စီမံခန့် ခွဲမှု ပုံစံြ ဖစ်စေ ရန် ပြင်ဆင်မွမ်းမံထားပါသည်။ ၎င်းင်းမျက်နှာစာသစ် တွင်EIF ၏ ဖွဲ့စည်းဆောင်ရွက်ပုံ များပြောင်းလဲခြင်းနှင့် စီမံကိန်း များကို ပိုမိုကောင်းမွန်အောင်  ဆောင်ရွက်ခြင်း၊ အကောင် အထည် ဖော်ခြင်း၊ အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်သော နိုင်ငံ များ၏ Ownership Right    ကို အပြည့်အဝသဘောတူကာ လိုက်ပါ ဆောင်ရွက်ခြင်းနှ င့် ရေရှည်အောင်မြင် မှုရရှိရေးအတွက် ဦးတည် ကာ အပြောင်းအလဲများ ပြုလုပ်လျက်ရှိသကဲ့သို့LDC    နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများကိုလည်း လိုက်လျော ညီထွေမှုရှိစေ ရန် ပြုပြင်ေြ ပာင်း လဲလုပ်ဆောင်ခဲ့ပါသည်။   ကုန် သွယ်မှုနှင့်  ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများအနေဖြင့် ပြောင်းလဲဆောင် ရွက်မှုကြောင့် ရရှိလာသည့် အကျိုးရလဒ်များအပေါ်တွင် ပိုမိုယုံ ကြည် လာစေပြီး LDC     နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ရာတွင် ခိုင်မာလာစေရန်နှင့် ဆင်းရဲမှုကို လျော့ကျစေ ရန်ရည်ရွယ်၍ သဘောတူညီချက်များချမှတ်ခဲ့သည်။EIF    ၏မျက်နှာ စာ သစ်ကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သည့် ဆွေးနွေးညှိနှိုင်းမှုနှင့် အစည်း အဝေးများကို အကြိမ်ကြိမ်ကျင်းပခဲ့ပြီး   ညှိနှိုင်းမှုရလဒ်များကို အခြေခံ ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ အတွက် မူဝါဒပြောင်းလဲမှုကိုလည်း EIF    အနေဖြင့်LDCs     နိုင်ငံများ အတွက် ပိုမိုကောင်းမွန်သောရလဒ်များ ရရှိရန် ရည် ရွယ် ၍ အလေးထားလုပ်ဆောင်လျက်ရှိသည်။ ၎င်းင်းရလဒ်များကို မြေ ပြင်ကွင်းဆင်းလေ့လာဆန်းစစ်ချက် များပြုလုပ်၍ အချိန်မီသတင်း ထုတ်ပြန်ကာ မိတ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှု အဆင့် ကိုနှစ်နိုင်ငံ အဆင့်၊ ဒေသတွင်းအဆင့်မှသည် အပြည်ပြည်ဆိုင်ရာအဆင့်ထိ တိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားရန် မျှော်မှန်းထားပါသည်။
ထို့အပြင် EIF  ၏ မျက်နှာစာသစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးဆိုင်ရာ  သဘောတူညီ ချက်ကို လိုက်ပါအကောင်အထည်ဖော်နိုင်ရေး လိုအပ်သည့် ပံ့ပိုး ကူညီမှုများကို အဓိကထား၍ ထည့်သွင်းပေါင်းစပ်ဆောင်ရွက်သွား ရန် ရည်ရွယ်ထားသဖြင့် ဖွံ့ဖြိုးမှု   အနည်းဆုံးနိုင်ငံများအတွက် အလွန်အရေးပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။  သို့ဖြစ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန် သွယ်မှုဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)   မှ ဖော်ဆောင် လျက်ရှိသောEIF  ၏  မျက်နှာစာသစ်တွင် တက်ကြွစွာလိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
DOT-WTO