မေလအတွင်း တောင်ကိုရီးယား၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ထုတ်ကုန်များတင်ပို့မှု စံချိန်တင်အမြင့်ဆုံး ရောက်ရှိခဲ့
တောင်ကိုရီးယားနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ထုတ်ကုန်များသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) ဝယ်လိုအားမြင့်မားနေမှုကြောင့် စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း အစိုးရအချက်အလက်များအရ သိရှိရပါသည်။
မေလအတွင်း ICT ထုတ်ကုန်များ တင်ပို့မှုသည် ယခင်နှစ်ကထက် ၁၂၈.၉ %၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၇.၇၉ ဘီလီယံဖြင့် သုံးလဆက်တိုက်အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ၁၆ လ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ဉာဏ်ရည်တုနည်းပညာတွင် ကမ္ဘာတစ်ဝန်းရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းကြောင့် ချစ်ပ်ဝယ်လိုအား မြင့်တက်ကာ ချစ်ပ်တင်ပို့မှုသည် ၁၆၉.၂ %၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇.၁၆ဘီလီယံ၊ တီဗီ၊ ဖုန်း၊ ကွန်ပျူတာစသည်တို့၏ စခရင်များ (display panel) တင်ပို့မှုသည် ၂.၈ %၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံ၊ မိုဘိုင်းဖုန်းတင်ပို့မှုသည် ၁၅.၉ % တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၂၂ ဘီလီယံ၊ ဒေတာသိမ်းဆည်းသည့်ကိရိယာ (Solid State drives - SSDs) များ ဝယ်လိုအားမြင့်မားမှုကြောင့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းတင်ပို့မှုသည် ၂၅၉.၆ % တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၃၃ ဘီလီယံ၊ ဆက်သွယ်ရေးပစ္စည်းတင်ပို့မှုသည် ၃.၇ % တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၀ သန်းသို့ အသီးသီး မြင့်တက်ခဲ့ကြောင်းသိရသည်။
မေလတွင်း ICT ထုတ်ကုန်များ တင်သွင်းမှုသည် ပြီးခဲ့သည့်နှစ်ကထက် ၃၆ %၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅.၇၀ ဘီလီယံ ရှိခဲ့သော်လည်း ICT ကဏ္ဍတွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၃၂.၀၉ ဘီလီယံ ရှိခဲ့ကြောင်း၊ ချစ်ပ်များ၊မိုဘိုင်းပစ္စည်းများနှင့်ကွန်ပျူတာများတင်သွင်းမှုသည် ဆယ်ဂဏန်း တိုးတက်ခဲ့သော်လည်း တီဗီ၊ ဖုန်း၊ ကွန်ပျူတာစသည်တို့၏ စခရင်များ တင်သွင်းမှုသည် မဂဏန်း (၁ % မှ ၉ % ကြား) ကျဆင်းခဲ့ကြောင်း China News က ဖော်ပြထားပါသည်။
ရင်းမြစ်။ https://english.news.cn/
