အီးယူ-အမေရိကန် Privacy Shield သဘောတူညီချက်အား အလျင်အမြန် ထောက်ခံပေးရန် အမေရိကန်ကုန်သည်များအသင်းမှ တောင်းဆို

အမေရိကန်ကုန်သည်များ အသင်း အမှုဆောင်ဒုတိယဥက္ကဋ္ဌနှင့် ပြည်ပရေး ရာဌာနအကြီးအကMyron Brilliant  သည် ဥရောပသမဂ္ဂ Article 31 Com-mittee  အားအီးယူ -အမေရိကန်Pri-vacy  Shield  သဘောတူညီ ချက်နှင့် စပ်လျဉ်း၍ အပြုသဘောဆောင်စွာ အလျင်အမြန် ထောက်ခံပေးရန် တိုက် တွန်းကြောင်း ဇွန် ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
အီးယူ - အမေရိကန်Privacy Shield နိူ သဘောတူညီချက်သည်  အီးယူ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအလိုက်သီးသန့် အချက် အလက်များအား အခိုင်အမာ အကာ အကွယ်ပေးမည့် သဘောတူညီ ချက်တစ်ရပ်ဖြစ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းနှစ်ဖက်မှ စီးပွားရေး လုပ် ငန်းများအတွက် အရွယ်အစားကြီးငယ် မဆို စားသုံးသူ လိုအပ်ချက်ဖြည့်ဆည်း ပေးနိုင်မည့် ကုန် စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်နိုင် ရန်သတင်းအချက် အလက် လွှဲပြောင်းမှုတွင် မှီခိုနေကြရသဖြင့် စီးပွား ရေးလုပ်ငန်းများအကျိုးငှာ Article 31 Committee  မှ အလျင်အမြန်သဘောတူ ခွင့်ပြုပေးရန် လိုအပ်ကြောင်း ဖော်ပြ ထားပါသည်။အလားတူပင် အမေရိကန် ကုန်သည်များအသင်းသည် ယခုနှစ် အတွင်း Trans Pacific Par-tnership  သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင် ရေးအတွက် ကြိုးပမ်းပါရန် တိုက်တွန်း ကြောင်း၊ နှိုးဆော် စာတစ်စောင်ကို အမေရိကန် သမ္မတအိုဘားမား၊ အမေရိ ကန်လွှတ်တော် လူများစုခေါင်းဆောင်၊ လူနည်းစုခေါင်းဆောင်နှင့် အိမ်တော် ပြောရေးဆိုခွင့်ရှိ သူတို့ထံ လိပ်မူပေးပို့ခဲ့ ပြီး၊ ယခုနှစ်အတွင်းTrans Pacific Partnership စ သဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်ခြင်းမရှိပါက အမေရိကန် နိုင်ငံတိုးတက်မှု၊ ပြည်သူများ၏ အလုပ် အကိုင် အခွင့်အလမ်းနှင့်အမေရိကန်ဦးဆောင်မှုတို့ ထိခိုက်နိုင်ကြောင်း၊ ယနေ့ အချိန်တွင် နိုင်ငံအများစုသည် ကုန်သွယ် ရေးသဘော တူညီချက်များ အပြီးသတ် ရရှိရန် ကြိုးပမ်းလျက်ရှိပြီး၊ အမေရိကန် နိုင်ငံအနေဖြင့် အခွင့်အလမ်းများနှင့် ဈေးကွက်ဆုံးရှုံး လျက်ရှိကြောင်း၊ သို့ပါ၍ အမေရိကန်စံချိန်စံညွှန်းများ ထင်ဟပ် သည့်Trans Pacific Par-tnership  သဘောတူစာချုပ် အမြန်ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရန်လို ကြောင်း စသည်ဖြင့် ဖော်ပြထားပါသည်။
       ဥမ္မာအေး၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဝါရှင်တန်မြို့