၂၀၁၅ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီများက တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းရယူမှုမြင့်မား

Thu, 03/24/2016 - 08:19 -- admin_ygn

    ၂၀၁၅ ခုနှစ်အတွင်းကတောင်ကို ရီးယား   စီးပွားရေးလုပ်ငန်းများကို တရုတ်ကုမ္ပဏီများကရှယ်ယာဝယ်ယူ ကာလွှဲပြောင်းရယူမှုမြင့်မားခဲ့ရာ ယဉ်ကျေးမှုနဲ့ဘဏ္ဍာရေးကဏ္ဍများကအဓိကပစ်မှတ်သဖွယ်ဖြစ်ခဲ့ကြောင်း မတ် ၁၄ ရက်ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီးယွန်းဟပ်သတင်းမှာဖော်ပြထားပါတယ်။ကိုရီးယားအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအသင်းကပြုစုထားတဲ့ ကိန်းဂဏန်းများအရယခင်နှစ်ကတရုတ်ကုမ္ပဏီတွေက တောင်ကို ရီးယားစီးပွားရေးလုပ်ငန်းတွေကိုရှယ်ယာဝယ်ယူပြီးလွှဲပြောင်းရယူတဲ့(Merger and Acquisition-M&A) သဘောတူ စာချုပ်ပေါင်း ၃၃ ခုရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကရှိခဲ့တဲ့အရေအတွက်နဲ့နှိုင်းယှဉ် ရင်သုံးဆမြင့်တက်ခဲ့ပါတယ်။ ဒီလို သဘောတူညီမှုအရရရှိခဲ့ တဲ့ ငွေကြေးပမာဏကအမေရိကန် ဒေါ်လာ ၁ ဒသမ ၉၃ဘီလီယံရှိခဲ့ပါ တယ်။ ၂၀၁၄ ခုနှစ်ကရရှိငွေနဲ့ နှိုင်းယှဉ်ရင် ၁၂၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဒီပမာဏကလွန်ခဲ့တဲ့ဆယ်စုနှစ် တစ်ခုကျော် အတွင်းစုစုပေါင်းရှိခဲ့တဲ့ ပမာဏရဲ့၇၀ရာခိုင်နှုန်းရှိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကုမ္ပဏီတွေကိုလွှဲပြောင်းရယူရာမှာအဓိကပစ်မှတ်ထားဆောင်ရွက်တာကကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်ပေမယ့် ယခုအခါမှာ ယဉ်ကျေးမှုနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို အဓိကပစ်မှတ်အဖြစ်ထားရှိ ဆောင်ရွက်လျက်ရှိပါတယ်။၂၀၁၆ ခုနှစ်မှ၂၀၁၄ ခုနှစ် အတွင်း တရုတ်ကုမ္ပဏီတွေက ရှယ်ယာဝယ်ယူပြီးလွှဲပြောင်းရယူတဲ့ ကုမ္ပဏီတွေရဲ့ ၅၂ ရာခိုင်နှုန်းက ကုန်ထုတ်လုပ်မှု ကုမ္ပဏီတွေ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ်က ဖျော်ဖြေရေးနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေက ၇၃ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ပါတယ်။

International Trade News

Pages