ရူဘယ်တန်ဖိုးမြင့်တက်စေရန်အတွက် ရုရှားဗဟိုဘဏ်က ၂၀၁၄ ခုနှစ်အတွင်း ဒေါ်လာ ၇၆ ဘီလီယံကျော် ရောင်းချ

Wed, 01/21/2015 - 10:56 -- admin_ygn

   ရုရှားနိုင်ငံသုံးငွေကြေးတန်ဖိုး   ဆက်တိုက်ကျဆင်းနေတာကြောင့်  ရူဘယ်တန်ဖိုးကို တိုးမြှင့်ပေးနိုင်ရန်အတွက် ရုရှားဗဟိုဘဏ်က ၂၀၁၄ ခုနှစ်အတွင်းမှာ ဒေါ်လာ ၇၆ ဒသ မ ၁ ဘီလီယံဖိုးနဲ့ယူရို ၅ ဒသမ ၄ ဘီလီယံဖိုးကို ထုတ်ရောင်းခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်ကထုတ်ပြန်တဲ့စာရင်းဇယားတွေအရတွေ့ရပါတယ်။
   ယူကရိန်းနိုင်ငံ အကျပ်အတည်းနဲ့ပတ်သက်ပြီးအနောက်နိုင်ငံတွေက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ရေနံဈေးနှုန်းများကျဆင်းတာတွေကြောင့် ၂၀၁၄ ခုနှစ် မှာ ရုရှားရူဘယ် တန်ဖိုးကဒေါ်လာနဲ့ ဖလှယ်ရာမှာ ၄၁ ရာခိုင်နှုန်း၊ ယူရိုနဲ့ ဖလှယ် ရာမှာ ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ကရိုင်းမီးယားဒေသကိုဝင်ရောက်စဉ်က ဒေါ်လာ ၂၂ ဒသမ ၃ ဘီလီယံ၊ အောက်တိုဘာမှာ ဒေါ်လာ ၂၇ ဒသမ ၂ ဘီလီယံနဲ့ ရေနံဈေးနှုန်းတွေ အဆမတန်ကျဆင်းစဉ်  ဒီဇင်ဘာက ၁၁ ဒသမ ၉ ဘီလီယံဖိုးရောင်းချခဲ့ရတဲ့အတွက်  ယခုတစ်ကြိမ်ရူဘယ်တန်ဖိုးမြင့်တက် ဖို့ ယခုတစ်ကြိမ်ရောင်းချမှုက အမြင့်ဆုံးဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်တဲ့စာရင်း ဇယားတွေအရတွေ့ရပါတယ်။
   ရူဘယ်တန်ဖိုးကျဆင်းခဲ့တဲ့အတွက် တုန်လှုပ်ခြောက်ခြားမှုဖြစ်ကာ ရုရှားလူမျိုးများကသူတို့စုငွေတွေကို ဒီဇင်ဘာလအတွင်းက ဒေါ်လာ သို့မဟုတ် ယူရိုငွေကြေးအဖြစ် အပြေး အလွှားပြောင်းလဲလာကြပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက် မှာ နှစ်ရက်အတွင်း ရူဘယ်တန်ဖိုးက လေးပုံတစ်ပုံလောက်ကျဆင်းပြီး အမြင့်ဆုံးအခြေအနေကိုရောက်ရှိခဲ့ ပါတယ်။
   နောက်ပိုင်းမှာ ရူဘယ်တန်ဖိုးပြန်လည်တည်ငြိမ်သွားပေမယ့် ရေနံဈေးနှုန်းတွေက  ဆက်လက်ကျဆင်းနေတဲ့အတွက် ဇန်နဝါရီမှာ ငွေကြေးဖလှယ်နှုန်းမှာ ရူဘယ်တန်ဖိုးက ကျဆင်းနေဆဲဖြစ်ပါတယ်။
   ဇန်နဝါရီ ၁၂ ရက်  ဈေးဖွင့်ချိန်မှာ ရူဘယ်တန်ဖိုးကဒေါ်လာနဲ့   ယူရိုတို့နဲ့ ဖလှယ်ရာမှာကျဆင်းခဲ့ပါတယ်။ ရူဘယ် ငွေကြေးရဲ့ဖလှယ်နှုန်းက  ယူရိုနဲ့ဖလှယ် ရာမှာ ၇၄ ဒသမ ၄၀ ရူဘယ်နဲ့  ဒေါ်လာ နဲ့ဖလှယ်ရာမှာ ၆၂ ဒသမ ၈၉ ရူဘယ်နှုန်း ရှိခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့ အရန်ငွေကြေးပမာဏက ဒေါ်လာဘီလီယံ ၄၀၀ အထိ ရောက်ရှိခဲ့ရာ ငါးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။

ဉာဏ်တင်

International Trade News

Pages