ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော ကမ္ဘာ့စီးပွားရေးကြောင့် ၂၀၂၃ ခုနှစ်တွင် ကုန်သွယ်ရေးတိုးတက်မှုနှုန်း သိသိသာသာနှေးကွေးသွားမည်ဟု WTO ခန့်မှန်း

Tue, 10/18/2022 - 03:53 -- wtodep

   ကမ္ဘာ့စီးပွားရေးလှုပ်ခပ်မှုများစွာကြောင့်  ကမ္ဘာ့ကုန်သွယ်ရေးမှာ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် အရှိန်လျော့ကျသွားဖွယ်ရှိပြီး၊၂၀၂၃ ခုနှစ်တွင်လည်း ဆက်လက်ကျဆင်းသွားဖွယ်ရှိကြောင်း၊  ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ခန့်မှန်းထားသည့် ၃.၀ % ထက်ပိုမို၍၃.၅ % အထိ တိုးလာမည်ဖြစ်ကြောင်း၊ သို့ရာတွင် ၂၀၂၃ ခုနှစ်အတွက် ယခင်ခန့်မှန်းထားသည့်  ၃.၄% အောက်၁.၀% ကျဆင်းသွားနိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဘောဂဗေဒပညာရှင်များက ခန့်မှန်းထားပါသည်။

   အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများ၌ အကြောင်းအမျိုးမျိုးကြောင့် တိုးတက်မှုနှုန်း နှေးကွေးနေသဖြင့် သွင်းကုန်ဝယ်လိုအား နည်းလာမည်ဟု ခန့်မှန်းထားပြီး၊ဥရောပတွင် ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် မြင့်မားလာသော စွမ်းအင်စျေးနှုန်းများက အိမ်ထောင်စု အသုံးစရိတ်များကို ပိုမိုချွေတာလာစေကာ၊ ထုတ်လုပ်မှုစရိတ်များသည်လည်း တိုးလာမည်ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု၏ ငွေကြေးမူဝါဒတင်းကြပ်မှုက အိမ်ယာ၊ မော်တော်ယာဉ်နှင့် ပုံသေရင်းနှီးမြုပ်နှံမှု ကဲ့သို့သောနယ်ပယ်များတွင် အတိုးနှုန်းထိရှလွယ်သော သုံးစွဲမှု (interest-sensitive spending)ကို ရိုက်ခတ်နိုင်ပါသည်။ တရုတ်နိုင်ငံမှာလည်း COVID-19 ဖြစ်ပွားမှုနှင့် ပြင်ပဝယ်လို အားနည်းမှုကြောင့် ထုတ်လုပ်မှုအခက်အခဲနှင့် ဆက်လက်ရင်ဆိုင်နေရပါသည်။ နောက်ဆုံးတွင် လောင်စာဆီ၊ အစားအစာနှင့် ဓာတ်မြေသြဇာများအတွက် သွင်းကုန်အပေါ်ပေးချေရသည့်  ငွေပမာဏတိုးလာခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားနပ်ရိက္ခာ မလုံခြုံမှုနှင့် ကြွေးမြီပြဿနာများဆီသို့  ဦးတည်သွားစေနိုင်ပါသည်။

 

   အသေးစိတ်ကို ပူးတွဲပါ PDF ဖိုင်တွင် ဖတ်ရှုနိုင်ပါသည်။

International Trade News

Pages