ဂျပန်စီးပွားဆုတ်ကပ်က ခန့်မှန်းထားသည်ထက် ပိုမိုဆိုးဝါး

Wed, 12/17/2014 - 10:40 -- admin_ygn

   ဇူလိုင်-စက်တင်ဘာသုံးလပတ်မှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုက  မူလခန့်မှန်းထားတာထက်ပိုမိုဆိုးရွားကြောင်း ဒီဇင်ဘာ ၈ ရက်ကထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်း အချက်အလက်တွေအရတွေ့ရတဲ့အတွက်  ဂျပန်စီးပွားရေးက နက်ရှိုင်းတဲ့စီးပွား  ဆုတ်ကပ်ထဲကို ကျရောက်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။
   ဂျပန်စီးပွားရေးက သုံးလပတ်အလိုက်နှိုင်းယှဉ် ကြည့်ရင် သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ရက်သတ္တပတ်သုံးပတ်က ကနဦးခန့်မှန်းထားတဲ့ သုည ဒသမ ၄ ရာခိုင်နှုန်းအောက် ပိုမိုဆိုးရွားစွာကျဆင်းခဲ့ကြောင်း ဝန်ကြီးအဖွဲ့ရုံးကပြောပါတယ်။
   စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက နီကေး စီးပွားရေးနေ့စဉ်က စစ်တမ်းကောက်ယူ ပြီးတွက်ချက်ဖော်ပြထားတဲ့ သုည ဒသမ ၁ ရာခိုင်နှုန်းအောက် ဆိုးဆိုးရွားရွားကျဆင်းနေတာ ကိုတွေ့ရပါတယ်။ ဂျပန်စီးပွားရေးက ဧပြီ ဇွန် တတိယသုံးလပတ်မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းထားပြီးဖြစ်ရာ စီးပွားရေးကျဆင်းမှု သုံးလပတ် နှစ်ကြိမ်ဆက်တိုက်ဖြစ်လာ တဲ့အတွက်  စီးပွားဆုတ်ကပ် (Recession)  ဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ကိုက်ညီနေပါတယ်။  နှစ်အလိုက်ဖွံ့ဖြိုးမှုအခြေအနေကိုကြည့်ရင် တတိယသုံးလပတ်မှာ ကနဦးက ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းမယ်လို့ခန့်မှန်းခဲ့ပေမယ့် ယခုအကြိမ်ခန့်မှန်းတဲ့အခါ ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းမယ်လို့ခန့်မှန်းထားပါတယ်။
   လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ငွေကြေးသုံးစွဲမှုကို ဦးစားပေးအဖြစ်ထားတဲ့အစီအစဉ်ကိုချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ Abenomics သို့မဟုတ် အာဘေး ဘောဂဗေဒလို့လူသိများပြီး ဒီအစီအစဉ်အရစတော့ ဈေးနှုန်းတွေတိုးမြှင့်ပြီး ယန်းတန်ဖိုးကိုချပေးခဲ့ပါတယ်။ ယခုနှစ် ဧပြီမှာ ရောင်းခွန်တွေ တိုးမြှင့်ခြင်းမပြုမီအချိန်ထိ  ဘာဘေးရဲ့အစီအစဉ်တွေက အောင်မြင်မှုတွေရခဲ့ပါတယ်။

ဉာဏ်တင်

International Trade News

Pages