ITC ကတ်နဲ့ကုန်သွယ်ရေးစခန်းများမှ ကျပ်သန်းပေါင်းခြောက်ထောင် ကျော်ကုန်သွယ်နိုင်

ယခုဘဏ္ဍာနှစ်စ ဧပြီ ၁ ရက်မှ မတ် ပထမပတ်ထိ ကုန်သွယ်ရေး စခန်းများမှ ှုွှဃ ကတ်နဲ့ ကုန်သွယ်မှုကျပ်သန်းပေါင်း ၆၃၀၀ ကျော် ကုန်သွယ်ပြီးဖြစ်ပါတယ်။ မူဆယ်နဲ့ မြဝတီကုန်သွယ်ရေးဇုန်များမှာတော့ ITC ကတ်နဲ့ သွင်းကုန်ပစ္စည်းများသာ အဓိကတင်သွင်းပြီး မြိတ်နဲ့ လွယ် ဂျယ်ကုန်သွယ်ရေးစခန်းမှာတော့ ပို့ကုန်ပစ္စည်းများကို အဓိကတင်ပို့တာ တွေ့ရပါတယ်။ ကျန်စခန်းများဖြစ်တဲ့ တမူး၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ရိဒ်၊ မောတောင်နဲ့ ကျိုင်းတုံကုန်သွယ်ရေးစခန်းများမှာ တော့ ပို့ကုန်ရောသွင်းကုန်ပါ ကုန်သွယ်နိုင်တာ တွေ့ရပါတယ်။ မောတောင်၊ မယ်စဲ့၊ ကျိုင်းလတ်နဲ့ မန္တလေးကုန်သွယ်ရေးစခန်းများမှာတော့ ယခုဘဏ္ဍာ နှစ် အတွင်းမှာITC ကတ်နဲ့ လုပ်ငန်းလုပ်ဆောင်မှုမရှိတာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်းITCကတ်နဲ့ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အများဆုံးကုန်သွယ်မှုပြုနိုင်ပြီး မြိတ်ကုန်သွယ်ရေးစခန်းမှ အနည်းဆုံး ကုန်သွယ်တာ တွေ့ရပါတယ်။                                            

      ခင်မိုးသူ