ဖေဖော်ဝါရီလအတွင်း မောင်တောစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးခြောက် ကန်ဒေါ်လာ လေးသိန်းကျော် တင်ပို့

     မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှတစ်ဖက်ဘင်္ဂလားဒေရှ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၄၉၂၃၈၄ ကျော်တန်ဖိုးရှိ  ငါးစုံလေးခြောက် ၅၃၃၇၇၉ ကီလို၊ ငါးနီတူခြောက် ကီလို ၉၀၀၀၀ နဲ့ငါးကုန်းညိုခြောက် ကီလို ၃၀၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလသည်ယခင်လထက် ငါးခြောက် ကန်ဒေါ်လာ ၁၀၇၃၆၉ ကျော်ဖိုးပိုမိုတင်ပို့ခဲ့ပါတယ်။  မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေရှ်နိုင်ငံသို့   ဒေသ ထွက်ငါးခြောက်မျိုးစုံ အဓိကတင်ပို့နေရပြီး  ငါးစုံလေးခြောက်နဲ့ ငါးနီတူခြောက်များမှာ အများဆုံးတင်ပို့တဲ့ ပို့ကုန်ပစ္စည်းများဖြစ်ပြီး  ဈေးကောင်းရကြောင်း ကုန်သည်များထံမှသိရပါတယ်။

  မြင့်မြင့်မာ