စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် မူဆယ်ဗဟိုစီးပွားရေးဇုန် (CBD) လမ်းမကြီးနှင့် နိုင်ငံတကာအဆင့်မီ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ ဗဟို စီးပွားရေးဇုန်မုခ်ဦး၌ ကျင်းပပြုလုပ်သော မူဆယ်ဗဟို စီးပွားရေးဇုန် (CBD) လမ်းမကြီးနှင့် နိုင်ငံတကာ အဆင့်မီမင်္ဂလာမူဆယ်လမ်းလျှောက်ဈေးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ် ပေးသည်။ရှေးဦးစွာ မူဆယ်ဗဟိုစီးပွားရေးဇုန် (CBD) လမ်းမကြီးနှင့် နိုင်ငံတကာအဆင့်မီမင်္ဂလာ မူဆယ်လမ်းလျှောက်ဈေးမုခ်ဦးအား ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်စပ်ဒေသလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးခွန်သိန်းမောင်၊    နယူးစတားလိုက်ကုမ္ပဏီမှ ဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများက  ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးပြီးစီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် အမျိုး သားလွှတ်တော်ကိုယ်စားလှယ်များ  ဖြစ်ကြသည့် ဦးအောင်ထွန်းနှင့်   ဦးထွန်းဇော်တို့က  မုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ယင်းနောက် ပြည်ထောင်စုဝန်ကြီး  ဦးဝင်းမြင့် နှင့် တက်ရောက်လာကြသော အထူးဧည့်သည်တော်များက ကမ္ဗည်း မော်ကွန်းအား  အမွှေးနံ့သာရည်များအသီးသီးပက်ဖျန်းကြပြီး မင်္ဂလာမူဆယ် အဆောက် အအုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် အဆောက် အအုံအတွင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး နံနက် ၁၁  နာရီတွင် မူဆယ်စီးပွားရေးဇုန်(CBD) ခန်းမတွင်  ပြည်ထောင်စုဝန်ကြီးအားတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ချွင့် ချန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က ဂါရဝပြု လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ  ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များအား  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိသည်။