မြဝတီကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာအတွင်း အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုတိုးတက်

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန် မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန် ကန်ဒေါ်လာ ၆ ဒသမ ၇၉၀ သန်း၊သွင်းကုန် ကန်ဒေါ်လာ ၆၇ ဒသမ ၈၄၂ သန်းဆောင်ရွက်နိုင် သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၇၄ ဒသမ ၆၃၂ သန်း ရရှိခဲ့ပါတယ်။အနီးစပ်ဆုံးကာလဖြစ်သော နိုဝင်ဘာလထက် ပို့ကုန် ကန်ဒေါ်လာ ၃ ဒသမ ၈၃၁ သန်း၊သွင်းကုန် ကန်ဒေါ် လာ ၆ ဒသမ ၁၁၈ သန်း ကုန်သွယ်မှုပမာဏကန်ဒေါ်လာ၉ဒသမ ၉၄၉ သန်း ပိုမိုခဲ့ပါတယ်။ ယမန်နှစ် ကာလတူထက်လည်း ပို့ကုန် ကန်ဒေါ်လာ ၃ ဒသမ ၇၁၂ သန်း၊ သွင်းကုန် ကန်ဒေါ် လာ ၂၁ ဒသမ ၉၂၁ သန်း၊ကုန်သွယ်မှုပမာဏ၂၅ ဒသမ ၆၃၃ သန်း ပိုမိုခဲ့ပါတယ်။ ဒီဇင်ဘာလတွင်  အနီးစပ်ဆုံး ကာလ ထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုပိုမို တိုးတက် ရခြင်းမှာနိုဝင်ဘာလအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကာလအတွင်း သွင်းကုန်လုပ်ငန်းရှင်များနေရပ်ပြန်ကာ ဆန္ဒမဲများပေးခြင်း၊ရွေးကောက်ပွဲလွန် မြဝတီဒေသရဲ့ နိုင်ငံရေးအခြေအေ နအား စောင့်ကြည့်လေ့လာခဲ့ခြင်းတို့ကြောင့် နိုဝင်ဘာလတွင် ကုန် သွယ်မှုပမာဏ လျော့နည်းခဲ့သော်လည်း ရွေးကောက်ပွဲလွန်နိုင်ငံရေးတည်ငြိမ်မှုရှိခြင်း၊ကော့ကရိတ်-မြဝတီ အာရှလမ်း သစ်ကြီးဖွင့်လှစ်လိုက်သည့်အတွက် ကုန်တင်ယာဉ်များ(ပို့ကုန်၊သွင်းကုန်ယာဉ်များ)ရက်မစောင့် ရဘဲသွားလာရေး လျင်မြန်လွယ်ကူခြင်းကြောင့် ကုန် သွယ်မှုလမ်းကြောင်းပိုမိုအဆင်ပြေ ကာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များလုပ်ငန်းတွင်ကျယ်လာခြင်း၊ Re-export စနစ်ဖြင့် သကြားများတင်သွင်းမှုများပြားခြင်းတို့ကြောင့်ကုန်သွယ်မှုတိုးတက်ခြင်းဖြစ်ပါတယ်။မြဝတီကုန် သွယ်ရေးဇုန်ရဲ့ ဒီဇင်ဘာလအတွင်း အများဆုံးပို့ကုန်ပစ္စည်းများမှာ ပဲတီစိမ်း၊ မြေပဲဆံ၊ နှမ်း နက်၊ နှမ်းညို၊ နနွင်းတက်၊ ကြက်သွန်နီ၊ ကြံ၊ နနွင်းမှုန့်၊ ငရုတ်သီး(ခြောက်)ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်းနဲ့ ငါးရှဉ့် တို့ဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်းများမှာ ဘိလပ် မြေ၊မော်တော်ယာဉ်နဲ့ မော်တော်ယာဉ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်ဘီးအပို ပစ္စည်းများ ၊ဓာတုဆိုးဆေးများ၊တာယာနှင့်ကျွတ်များ၊ စားအုန်းဆီ၊ ချည်ထည်များ၊ဆပ်ပြာနှင့်အလှကုန် ပစ္စည်းတို့ ဖြစ်ပါတယ်။
ခင်မြနွယ်