နယ်စပ်စခန်းများမှ သစ်သီးဝလံမျိုးစုံ အပို့/အသွင်းစုံ

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဖရဲသီး ၅၂၆၇၄ တန်ခွဲ၊ သခွားမွှေး ၉၈၉၆ တန်ခွဲ၊နာနတ်သီး ၁၇၆ တန်ခွဲနဲ့ ဆီးသီးတန် ၃၅၀ တို့ကို ကန်ဒေါ်လာ ၇ ဒသမ ၃၃၉ သန်းဖိုး တင်ပို့နိုင်ခဲ့သလို ကန်ဒေါ်လာ ၆ ဒသမ ၀၃၄ သန်းဖိုးရှိ ပန်းသီး၊ လိမ္မော်သီးနဲ့ ပန်းသစ်တော်သီး တန်ချိန် ၁၆၉၀၀ တန်ခန့် တင်သွင်းမှုရှိခဲ့ ပါတယ်။ ကန်ပိုက်တီးကုန်သွယ်ရေးစခန်းကတော့ကန် ဒေါ်လာ ၆၀၇၀ တန်ဖိုးရှိလိမ္မော်သီး ၁၇၃၅၀ တန်နဲ့ ကန်ဒေါ်လာ၄၀၂၇ တန်ဖိုးရှိ ပန်းသီး၈၉၅၀တန်တင်သွင်းခဲ့တာတွေ့ရ ပါတယ်။
အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်း တန်ဖိုးရှိ နန်းမြားသီး၊ မန်ကျည်းချိုသီး၊ ပန်းသီး၊ စပျစ်သီး၊ သရက်သီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ အစေ့လွတ် မာလကာသီးနဲ့ ဒူးရင်းသီး တန်ချိန် ၆၀၃ တန်ကျော်ထိ တင်သွင်းလာခဲ့ပါ တယ်။ တာချီလိတ် ကုန်သွယ်ရေးစခန်းကတော့ ထောပတ်သီး တန် ၂၅၀ ကို ကန်ဒေါ်လာ သုည ဒသမ ၁၁၅ သန်းဖိုးနဲ့ လိမ္မော်သီး ၈၁၂ တန်ကို ကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်းဖိုး တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။
မော်မော်အောင်