မြဝတီ ကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန် ပိုမိုတင်ပို့

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းများမှ သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈၂၄ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၇၄၅ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၇၆၅ တန် ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။စခန်းအလိုက် တင်ပို့နိုင်မှုများမှာ-မြဝတီ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၆၄ တန်ကျော်၊ ကဏန်း ၂၈ တန်ကျော်နဲ့ ပုစွန် ၁ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၃၀ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၂၇၅ တန်ကျော်၊ ပုစွန် ၅၀၀ ကီလိုဂရမ်နဲ့ ကင်းမွန် ၉ တန် ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၄၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၄၆၃ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၁၃၄၃ တန်ကျော်၊ ပုစွန် တန် ၂၀ ကျော်၊ ကင်းမွန် ၁ တန်ကျော်၊ သဲ ကဏန်း ၆၁၀ ကီလိုဂရမ် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်း ပတ်နဲ့ နှိုင်းယှဉ်ပါက ၈၃၃ တန်ကျော်လျော့နည်းခဲ့ပါတယ်။
    ခင်မြနွယ်