ဟိုင်မွှာလ်ဂျစ်ကားငယ်များနဲ့ ကုန်သွယ်မှုပြုနေရတာကြောင့် ရိဒ်ခေါဒါရ်ရဲ့ ကုန်စည်တင်ပို့ခနှုန်းများ မြင့်တက်

သြဂုတ်လအတွင်း မိုးသည်ထန်စွာ ရွာသွန်းမှု ကြောင့် လမ်းတံတားများ ပျက်စီးခဲ့ပြီး ကုန်သွယ်မှု ပြတ်တောက်ခဲ့ရတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ် လမ်းများ ပြန်လည် သွား လာနိုင် ပြီဖြစ်ကြောင်း ဒေသခံ ယာဉ်လိုင်းများထံမှ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီးကလေးမြို့မှ ချင်းပြည်နယ် ရိဒ်ခေါဒါရ်သို့ ဟိုင်မွှာလ်ဂျစ်ကားငယ်များနဲ့ သယ်ယူပို့ဆောင်နေရ တာကြောင့် ကုန်စည်တင်ပို့ခဈေးနှုန်းများ မြင့်တက်ခဲ့ ကြောင်း ရိဒ်ခေါဒါရ်မြို့ရှိ ကုန်သည်များနဲ့ ယာဉ်လိုင်း များထံမှ သိရပါတယ်။ချင်းပြည်နယ်တွင်း မိုးရွာသွန်းမှု ကြောင့် ကားလမ်းများ မပျက်စီးမီက ရိဒ်ခေါဒါရ်သို့ တင်ပို့ရတဲ့ ကွမ်းသီးတစ်အိတ်ကုန်တင်ခနှုန်းသည် ကျပ် တစ်သောင်းခန့်သာဖြစ်ပြီး ယခုအချိန်တွင် ကျပ်နှစ် သောင်းငါးထောင်ကျပ်ထိ မြင့်တက်ခဲ့ကြောင်း သိရပါ တယ်။ အခြားကုန်စည်များမှာလည်း ယခင်က တစ် ပိဿာ ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိသာ ပေးချေရပြီး ယခုအခါ တစ်ပိဿာ ကျပ်တစ်ထောင်ထိမြင့်တက်သွား ခဲ့ပါတယ်။ မိုးရွာသွန်းမှုကြောင့်  လမ်းတံတားများ ပျက်စီးခဲ့ ပြီး လမ်းပိုင်းများ မြေပြိုကျမှုကြောင့် ကလေး နဲ့ တမူးမြို့ များတွင်လည်း ကုန်တန်ဖိုးများ ထက်ဝက် ခန့်မြင့်တက်ခဲ့ရပြီး တန်ဆာခများလည်း မြင့်တက်ခဲ့ ကြောင်း ဒေသခံများရဲ့ပြောကြားချက်အရ သိရပါ တယ်။  ကလေး-ရိဒ် ကားလမ်းသည် မိုင်ပေါင်း၈၀ကျော် ရှည်လျားပြီး မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ် မှု ပြုရာ တွင်   ဒုတိယအကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းလည်း ဖြစ်ပါတယ်။ မိုးရာသီရောက်တိုင်း လမ်းမြေသားများ ပဲ့ကျခြင်း၊  ပြိုကျခြင်းများ ဆက် တိုက်ဖြစ်ပေါ်နေပြီး တီး တိန်-ရိဒ်အကြား ကားလမ်း သည်လည်း ယခုချိန်အထိ ကတ္တရာလမ်းမခင်းနိုင်ခြင်း ကြောင့်   မိုးရာသီတွင်   လေးဘီးလုံးရုန်းအားရှိတဲ့ ဟိုင်မွှာလ်ဂျစ်ကားငယ်များနဲ့သာ ကုန်သွယ်မှုပြုလျက် ရှိကြောင်းသိရပါတယ်။
ခင်မိုးသူ