မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင်ဆောင်ရွက်နေ

     မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှု မြှင့်တင်နိုင်ရန် တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တရားဝင်လမ်း ကြောင်းမှန်ပေါ်သို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေး အဖွဲ့အစ ည်းများ၊ OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများ၊ ဒေသခံကုန်သည်လုပ်ငန်းရှင်များနဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမှာ  ညှိနှိုင်းဆောင်ရွက်ခဲ့ပါ တယ်။
     အစည်းအဝေးမှာ မြို့နယ်အုပ်ချုပ်ရးမှူး ဦးခင်မောင်ဇော်မှ မိမိတို့ဘက်မှ တရားဝင်ပို့ကုန်ပို့ချင်သော်လည်း တစ်ဖက်နိုင်ငံ၏ အခွန်ကောက်ခံမှုစနစ် ရာခိုင်နှုန်းအရမ်းများနေသဖြင့် ကုန်သွယ်မှုမညီမျှမှုဖြစ်နေသည်ကို တစ်ဖက်နို င်ငံနှင့် ညှိနှိုင်းပေးပါရန် ကုန်သည်ကြီးများအသင်းမှ တင်ပြခဲ့ပါ ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်ရေးကို နည်းလမ်းပေါင်းစုံဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မကြာမီ ရင်ဆိုင်လာရမဲ့ အာဆီယံစီးပွားရေးအသိုက် အဝန်း AEC အတွက် ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနဲ့ ကုန်သွယ်မှု လမ်းကြောင်းအဖြစ် အာရှလမ်းမကြီးကို ဖောက်ခဲ့ပါကြောင်း၊ အာဆီယံ + တရုတ်၊ အာဆီယံ + အိန္ဒိယ၊ အာဆီယံ + ဘင်္ဂလားဒေ့ရှ်အထိသွားနိုင်ရန် ရည်ရွယ်၍ ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ၂၀၁၈ ခုနှစ်မှာ အပြီး တည်ဆောက်သွားရန် လျာထားခဲ့ပါ ကြောင်း၊ တစ်ဖက်နိုင် ငံနဲ့ စီးပွားရေး အပြိုင်အဆိုင်လုပ်လာရမှာဖြစ် ကြောင်း၊ မိမိတို့ဘက်မှာလည်း စီးပွားရေးဇုန်နဲ့ စက်မှုဇုန်များ အမြန်ဆုံး အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကြိုတင်ပြင်ဆင်ထားရန် လို အပ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်နိုင်aရးအတွက် ၂၅ တန်တင် ကားသာသွားနိုင်သော ချစ်ကြည်ရေးတံတားကြီးကို တန် ၆၀ အထိသွားလာနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ယာဉ်လမ်းကြောများ ပိတ်ဆို့မှုမရှိအောင် သတ်မှတ်ပေး ထားသော ယာဉ်ရပ်နားကွင်းနှင့် ခြံဝန်းများ ဂိုထောင်များ ပြုလုပ်၍  လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် အောင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ မြဝတီကုန် သွယ်ရေးဇုန် တာဝန်ခံညွှန်ကြားရေးမှူးဦးစိုးလွင်မှ တရားမဝင်အကောက် ခွန်မဲ့ ကုန်ပစ္စည်းများ တရားဝင်လမ်းကြောင်းပေါ်သို့  ရောက်ရှိအောင် တရားမဝင် ရှောင်ကွင်းလမ်းများမှ သွားလာနေသော ကုန်ပစ္စည်းများကို တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ကုန်သည်အ သင်း အနေဖြင့် အသင်းဝင်များအား   စည်းရုံးပြောကြားပေးပါရန်  မေတ္တာရပ်ခံအပ်ပါ ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မြနွယ်