စစ်တွေကုန်သွယ်ရေးစခန်းက ရေထွက်ကုန်၊လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချော တန် ၁၆၀ ကျော်တင်ပို့

     မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းက ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်ထိ သီတင်းပတ်အတွင်း ရေထွက်ကုန်၊ လယ်ယာထွက်ကုန်နဲ့ စက်မှုကုန်ချောတန် ၁၆၀ ေ ကျာ် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၉၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၉၆ သန်းဖိုး တင်ပို့ခဲ့သဖြင့် ယခုသီတင်းပတ်မှာတော့ ကန်ဒေါ် လာ သုည ဒသမ ၀၀၁ သန်းဖိုးလျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုသီတင်းပတ်မှာ တင်ပို့ခဲ့တဲ့ ရေထွက်ကုန်ပစ္စည်းကတော့ ရေချို(ငါးမြစ်ချင်း) ၈၄ တန်နဲ့ လယ်ယာထွက်ကုန် ပစ္စည်း များဖြစ်တဲ့ မန်ကျည်းစေ့ ၅၆ တန်၊ ချင်း(အစို) ၃ တန်၊ ကွမ်းသီး ၂ တန်နဲ့ စက်မှုကုန်ချောပစ္စည်းဖြစ်တဲ့ ဆီးယိုထုပ် ၁၆ တန်တို့ကို တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။

 

တင်တင်ထွန်း