မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းဝင်ရောက်မှုနည်း

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်တာ သီတင်းပတ်အတွင်း  ကန်ဒေါ်လာ ၃ ဒသမ ၂၁၈ သန်းဖိုးရှိ ပြောင်းဖူးစေ့ ၁၀၇၂၇ တန်ခွဲကိုလည်းကောင်း၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၀ သန်းဖိုးရှိ ပြောင်းတန်ချိန် ၁၀၀၀ ကိုလည်းကောင်း အသီးသီး တင်ပို့ခဲ့ပါတယ်။  ယခင် သီတင်းပတ်က မူဆယ်မှ ၁၆၀၇၅ တန်ခွဲ၊ လွယ်ဂျယ် မှ တန် ၁၀၀၀ နဲ့ ကန်ပိုက်တီး မှ၁၄၇တန်ခွဲတင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မူဆယ် ကုန်စည်ဒိုင်မှာ ပြောင်းဝင်ရောက်မှု  နည်းပါးသွား တာတွေ့ရပါတယ်။ ပြောင်းအဝင် နည်းသလို မူဆယ်ကုန်စည်ဒိုင်မှာလည်း ယခင်တစ်ပတ်က ပြောင်းတစ်တန်ကို မိမိ ဘက်ပေါက်ဈေး ၃၇၀၃၀၄ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာတော့ ၃၆၈၃၀၄ ကျပ်သို့ ဈေးကျဆင်းသွားခဲ့ပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းဖူးစေ့ ဝင်ရောက်မှုပုံမှန်ရှိ ခဲ့ပေမယ့် တရုတ်ဘက်ခြမ်းမှာ ဆန်ကားများဖမ်းဆီးရင်း ပြောင်းကားများကိုလည်း ဖမ်းဆီးနေတာကြောင့် အရောင်းအဝယ်ပါးသွားရတာလို့ သတင်းရရှိပါတယ်။
မော်မော်အောင်