ကျပ် ၁၁၆ သိန်းကျော်တန်ဖိုးရှိ သစ်တောထွက်ပစ္စည်းအမယ်စုံ လရ(၁)အဖွဲ့မှ သိမ်းဆည်းရမိ

   မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်မှာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေသော လရ-၁ အဖွဲ့ ညွှန်ကြားရေးမှူးဦးစီး၍နောင်ချို Asia World Toll Gate အနီးတာဝန်ထမ်းဆောင်နေစဉ်မေလ ဒုတိယပတ်အတွင်းက ခန့်မှန်းတန်ဖိုးကျပ် ၁၁၆ ဒသမ ၁၅၀ သန်း တန်ဖိုးရှိ ပိတောက်ခွဲသား ၃၈ ချောင်း(သုည ဒသမ ၀၇၆ တန်)၊ တမလန်းဓားရွေ ၁၀ ချောင်း(သုည ဒသမ ၃၂၇ တန်)၊ သစ်ခွအစို ၅ အိတ် (၇၉ ပိဿ     ာ)၊ သစ်ခွအခြောက် ၅ အိတ် (၁၁၃ ပိဿ     ာ) အား သိမ်းဆည်းရမိတဲ့အတွက် အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီးနောက် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမယ်လို့သတင်းရရှိပါတယ်။

MIRT