မောင်တောမြို့နယ် ကညင်ချောင်း ကုန်သွယ်ရေးဇုန်နှင့် အဆင့်မြင့်ဈေးတည်ဆောက်ရေးညှိနှိုင်းဆွေးနွေး

   ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မေလ ၃ ရက်နေ့ နံနက်ပိုင်းမှာ ကုန်သည်ကြီးများအသင်း ဒေဝါနဒီခန်းမမှာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ O.S.S အဖွဲ့ဝင်များ၊ ကုန်သည်ကြီးအသင်းဥက္ကဌနှင့် ကော်မတီဝင်များ၊ ကုန်သည်ကြီးများနဲ့  ကညင်ချောင်းကျေးရွာတွင် ကုန်သွယ်ရေးဇုန်နဲ့ အဆင့်မြင့်ဈေးဖြစ်ပေါ်လာရေးကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ ဆွေးနွေးချက်များမှာ နိုင်ငံတော်မှခွင့်ပြုထားသော ကျပ်သိန်း ၆၀၀၀ အား ယခုနှစ်ဘတ်ဂျက်တွင် အပြီး တည်ဆောက်ရန်၊ ဒေသခံများမှထည့်ဝင်ရမည့် ကျပ်သိန်း ၄၀၀၀ အား နယ်စပ် ကုန်သည်အသင်းမှ ထည့်ဝင်ဆောင်ရွက်ရန်၊ စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကော်မတီ အား သက်ဆိုင်ရာဌာနများ၊ ကုန်သည်အသင်းဝင်များဖြင့် ပူးပေါင်းဖွဲ့စည်းရန်တို့ဆုံးဖြတ်ခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်မြေစာရင်း ဦးစီးမှူးတို့နှင့် ကုန်သွယ်ရေးဇုန်တည်ဆောက်ရေးအတွက် မြေနေရာရရှိရေးညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

နီနီသန်း - စစ်တွေ