မူဆယ်၊ မြဝတီ၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ သီဟိုဠ်စေ့ ၁၁၄ တန်ခန့်တင်ပို့

   မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းစခန်းများမှ ၂၀၁၅ ခုနှစ် ဧပြီလအတွင်း သီဟိုဠ်စေ့တန်ချိန် ၁၁၄ တန်ခန့်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသ မ ၈၆၅သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။

   မူဆယ်ကုန်သွယ်ရေးဇုန်က သီဟိုဠ်စေ့ ၉၅ တန်ခန့်ကို ကန်ဒေါ်လာ သုည ဒသမ ၇၂၂ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ၁၀ တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါ တယ်။

   မြဝတီကုန်သွယ်ရေးဇုန်က  တန်ချိန် ၃ တန်ကျော် ကန်ဒေါ်လာ သုည ဒသမ ၀၂၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့်  နှိုင်းယှဉ်ပါကတန် တစ်ဝက်ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ကော့သောင်းကုန်သွယ်ရေးစခန်းက တန်ချိန် ၁၅ တန်ကျော် ကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ၄ တန်ကျော်လျော့နည်း တင်ပို့ခဲ့ပါတယ်။

ခင်မြနွယ် (MIRT)