စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းက ရေထွက်ကုန်နဲ့လယ်ယာထွက်ကုန် တန်ချိန် ၃၀၀ ကျော်တင်ပို့

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းက မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိ သီတင်းပတ်အတွင်း ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန် တန်ချိန် ၃၀၀ ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုသီတင်းပတ် မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၆၁ သန်းဖိုးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ယခုသီတင်းပတ်မှာ တင်ပို့ခဲ့တဲ့ ကုန်ပစ္စည်းတွေကတော့ ရေထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ငါးမြစ်ချင်း ၆၇ တန်၊ ငါးခေါင်းပွ ၃ တန်နဲ့ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ချင်း (အစို) ၁၉ တန်၊ ဆီးသီးခြောက် ၅၂ တန်၊ မန်ကျည်းစေ့ ၁၄၆ တန်၊ နနွင်းတက် ၂ တန်ကျော်နဲ့ မန်ကျည်းဖတ် ၂ တန်တို့ဖြစ်ကြပါတယ်။ စက်မှုကုန်ချောပစ္စည်းဖြစ်တဲ့ ဆီးယိုထုပ် ၁၂ တန်ကိုလည်း တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

တင်တင်ထွန်း MIRT (DCCA)