မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းပေါ်က ကျောက်စိမ်းဟုယူဆရသော ကျောက်ပစ္စည်းမျိုးစုံသိမ်းဆည်းရမိ

  မတ်လ ၁၈ ရက် နဲ့ ၂၁ ရက် နေ့များမှာ မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ လရ-၁ အဖွဲ့ရဲ့ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေး လုပ်ငန်းများဆာင်ရွက်နေစဉ် တိုယိုတာမတ်တူး ယာဉ်ခေါင်းပိုင်း အင်ဂျင်ခန်းနဲ့ နောက်ခန်းများမှာ ကျောက်စိမ်းလို့ ယူဆရတဲ့ ပုတီးစေ့အရွယ်စုံ အထုပ် ၉၀ နဲ့ တိုယိုတာကရောင်း မဂျက်စတာ အင်ဂျင်ခန်းနဲ့ နောက်ခန်းမှာ ကျောက်စိမ်းလို့ယူဆရတဲ့ကျောက်တုံး ၄၀ တုံးပါ ၂ထုပ်၊ ကျောက်တုံး ၃၂ တုံးပါ ၁ ထုပ်၊ ကျောက် ပြား အပိုင်းစ ၇၂ ခုနဲ့ အဝိုင်းပြား ၄၅ ခုကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ရှေ့ပြေးသတင်းရရှိပါတယ်။ သိမ်းဆည်းရမိကျောက်စိမ်းများကို လုပ်ထုံးလုပ်နည်းများနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ်အပ်နှံထားပြီး ခန့်မှန်း တန်ဖိုးများ ဆက်လက်တွက်ချက်နေတယ်လို့သိရပါတယ်။

DCCA