မြဝတီကုန်သွယ်ရေးဇုန်တွင် ဧပြီလ ၁ ရက်နေ့မှစတင်၍ Weigh Bridge နှင့် X-Ray Machineအသုံးပြုတော့မည်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် မြဝတီကုန်သွယ်ရေးဇုန်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလကတည်ဆောက်ခဲ့သော Weigh Bridge မှာ ပြီးစီးပြီဖြစ်၍ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင် ပြီး ချိန်တွယ်မှုလုပ်ငန်းများစတင်တော့မည်ဟုသတင်းရရှိသည်။

   ဧပြီလ ၁ ရက်နေ့မှစ၍ Duty ဆောင်သောကားတိုင်း ကတ္တားတွင်ချိန်တွယ်ရမည်ဖြစ်ပါသည်။ ချိန်တွယ်ခနှုန်းထားများကို မတ်လ ၃ ရက်နေ့ကပြုလုပ်သော ဝန်ကြီးဌာန စီမံ ခန့်ခွဲရေးကော်မတီအစည်းအဝေးမှ သဘောတူဆုံးဖြတ်ထားသောနှုန်းထားများမှာ ယာဉ်+ကုန် အလေးချိန် ၁၀ တန်အထိ ၁၀၀၀ကျပ်၊ ၁၁တန်မှ တန် ၂၀အထိ ၁၅၀၀ ကျပ်၊ ၂၁တန်မှ တန် ၃၀ အထိ ၂၀၀၀ ကျပ်၊ ၃၁ တန်မှ တန် ၅၀ အထိ ၂၅၀၀ ကျပ် နှင့် တန် ၅၀ အထက်ကို ၃၀၀၀ ကျပ်ဖြင့် အသီးသီးကောက်ခံသွားမည်ဟု သိရသည်။

   Weigh Bridge မှ ကုန်စစ်စင်သို့ သွားရန်လမ်းအား မကြာမီဖောက်လုပ်တော့မှာဖြစ်တဲ့အတွက် ကုန်တင်ယာဉ်အနေနဲ့ ကတ္တားတက်ပြီး နောက်ပြန်ဆုတ်ပြီးမှ ကုန်စစ်စင်သို့ သွားရောက်ရမှာဖြစ်ရာ အခက်အခဲအနည်းငယ်တော့ရှိနိုင်ကြောင်းနဲ့ လမ်းပြီးသွားပါက အဆင်ပြေသွားမှာဖြစ်ကြောင်း စခန်းတာဝန်ခံက မတ်လ ၂၁ ရက်ကကျင်းပတဲ့ ကုန် သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ Weigh Bridge နဲ့စပ်လျဉ်းပြီး အသိပေးခဲ့ကြောင်းသတင်းရရှိပါသည်။

   အကောက်ခွန်ဦးစီးဌာနမှ ပြည် နယ်ဦးစီးမှူးကလည်း X-ray machine ကို ဧပြီလ ၁ ရက်နေ့မှ စတင်လည်ပတ်တော့မည်ဖြစ်ကြောင်းနဲ့ X-ray စက်နဲ့ စတင်စစ်ဆေးစဉ် တင်ဆောင်လာသော ပစ္စည်းအပို/အလွဲများကို ဧပြီလ ၁၀ ရက်နေ့ထိ ပညာပေးကာလအဖြစ် သတ်မှတ်ပေးထားပြီး ပြန်လည်ဂျူတီဆောင်ခွင့်ပြုပေးမည်ဖြစ်သော်လည်း ဧပြီလ ၁၀ ရက်နောက်ပိုင်း အပို/အလွဲများအား အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၊ အပို/အလွဲများအား ရာခိုင်နှုန်းအလိုက် AV တန်ဖိုးသတ် မှတ်သွားမှာ ဖြစ်ကြောင်း၊ X-ray ချိန်တွယ်ရန် ဝင်ရောက်လာသော ကားများမှာအမြင့်ပေ ၄၀ ထိသာ ဝင်ရောက် နိုင်မည်ဖြစ်ကြောင်း၊ တစ်နာရီကို အလုံး ၄၀၀ ခန့်စစ်ဆေးနိုင်မည်ဟုခန့်မှန်းထားကြောင်း၊ ကုန် သည်လုပ်ငန်းရှင်များသိရှိထားရန်မှာ ကားပေါ်မှတင်ဆောင်လာသောပစ္စည်းများကို ကြေညာပြီးမှ အခွန်ဆောင်ရမှာဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်များအား အသိပေးပြော ကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

MIRT (DCCA)