တမူးကူးသန်းရောင်းဝယ်ရေးရုံးတွင် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကျင်းပ

   မတ်လအတွက် ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေးကို မတ်လ ၂၂ ရက် က တမူးကူးသန်းရောင်းဝယ်ရေးရုံးအစည်းအဝေးခန်းမမှာကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်အကောက်ခွန်၊ တမူးကူးသန်းရောင်းဝယ်ရေး၊ OSS ဌာနတာဝန်ခံများ၊ FDA ရုံးခွဲ၊ အပင်ပိုးမွှား၊ ခရိုင်သစ်တော၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ကုန်သည်အသင်း၊ ကုမ္ပဏီလုပ်ငန်းရှင်နဲ့ ITC ကတ်လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်လိုင်း ဂိတ်တာဝန်ခံများအပါအဝင်စုစုပေါင်း လူ ၃၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

   အစည်းအဝေးမှာ တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ မတ်လ လျာထားချက်အပေါ်  ဆောင်ရွက်နိုင်မှု၊ ကုန်သွယ်မှု လုပ်ငန်းများအား တရားဝင်လမ်းကြောင်းပေါ်မှ မှန်မှန် ကန်ကန်ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီဆောင်ရွက်ရန်၊ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာမှာ အခက်အခဲရှိပါက ဌာနဆိုင်ရာများ၊ ကုန်သည်အသင်း၊ ကုန်သည်လုပ် ငန်းရှင်များပူးပေါင်းညှိနှိုင်း၍ ဥပဒေနဲ့အညီ ဆောင်ရွက်ရန်၊ နိုင်ငံတော်မှ ဖြေလျှော့ပေးမှုများ၊ ဒေသအာဏာပိုင်များမှ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ ကုန် သွယ်မှုပမာဏတိုးတက်ရေးတစ်ဖက်နိုင်ငံနဲ့လည်းဆွေးနွေးဆောင်ရွက်ရန် ကုန်သည်လုပ်ငန်းရှင်များက အားစိုက်ကြိုးပမ်းဆောင်ရွက်ရန်တို့ကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

စိုးနိုင် (တမူး)