စခန်းစုံမှ ဖရဲသီးတင်ပို့

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လတတိယပတ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၂၁၃ သန်းတန်ဖိုးရှိ ဖရဲသီး ၉၅၅၀ တန်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိ ဖရဲသီး ၄၂၅ တန်နဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းဖိုးရှိ ဖရဲသီး ၆ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကလည်း မူဆယ်မှ ၂၂၃၀၀ တန်နဲ့ လွယ်ဂျယ်မှ ၂၅၅ တန်တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကတော့ ပုံမှန်တင်ပို့နေကျဖြစ်တဲ့ သခွားမွှေး ၅၉၃၀ တန်၊စပျစ်သီး ၁၅ တန်နဲ့ အုန်းသီး ၅ တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၂၁၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးမှလည်း ယခုတစ်ပတ်တွင် ကန်ဒေါ်လာ ၅၄၅၂ တန်ဖိုးရှိ ရွှေဖရုံသီး တန် ၇၀ တင်ပို့ပါတယ်။ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ကလွဲပြီး ဖရဲ၊ သခွားကို နိုင်ငံတစ်ဝန်းစိုက်ပျိုးကြပြီး စစ်ကိုင်း၊ မန္တလေးနဲ့ပဲခူးတိုင်း ဒေသကြီးတို့တွင် စိုက်ဧကအများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများ အစုအဖွဲ့မှသိရပါတယ်။

မော်မော်အောင် MIRT (DCCA)