အီးဗွီဒီများနဲ့အတူလျှပ်စစ်ပစ္စည်းများ ကျပ် ၇ သိန်းကျော်ဖိုးသိမ်းဆည်းရမိ

   မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အားဖြင့် Mobile Team အဖွဲ့သည် မတ်လ ၂၇ ရက်နေ့ ၁၄း၂၀ ချိန်တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမ ကြီးပေါ်တွင် ယာဉ်(5c/xxxx) တစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာတဲ့ အီးဗွီဒီ ၂၆ ခု၊ Mini  Power  Inverter ၁၀ ခု၊ 4' Led မီးချောင်း သုံးဖာနဲ့ Led  မီးချောင်း ၁၇၀ ချောင်း တို့အား စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။သိမ်းဆည်းရမိ လျှပ်စစ်ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၇ သိန်း ၉သောင်းခန့်ဖြစ်ပြီးအဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန် ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်နိုင်ခဲ့ပါတယ်။

DCCA