မြိတ်နယ်စပ်မှ ဖေဖော်ဝါရီလအတွင်း ကဏန်းမျိုးစုံတင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၉၂၇ သန်းတန်ဖိုးရှိ ကဏန်းပျော့ ၈၄ တန်ကျော်၊ ကဏန်းနီ ၇၅ တန်ကျော် ၊ သဲကဏန်း ၃ တန်နီးပါးနဲ့ ကဏန်းသေးအသေ ၂ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အပြင် ငါးမျိုးစုံ ၅၁၅၁ တန်ကျော်၊ ငါးမှုန့် ၁၂၅၀ တန်ကျော်၊ ပုစွန် ၁၈၄ တန်ကျော်၊ ရေငန်ပုစွန် ၇၄ တန်ကျော်၊ ရော်ဘာကွန်ပေါင်း RSS-3 တန် ၂၇၀၊ ကင်းမွန် ၃၄ တန်ကျော် ၊ ကင်းမွန်ခြောက် ၄၇ တန်ကျော်၊ ငါးအသားလွှာ ၇၂ တန်၊  RUBBER MSR-20 တန် ၅၀၊ ပုစွန်ခြောက် ၅ တန်ကျော်၊ ငါးခြောက် ၁၂ တန်၊ ရေခူခြောက် ၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)