မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ငါးခြောက်မျိုးစုံတန်၂၈၀ခန့် တင်ပို့

   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၆၁ သန်းတန်ဖိုးရှိ ငါးခြောက်မျိုးစုံ ၂၇၉ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ငါးခြောက်အမျိုးအစားများမှာ ငါးနီတူခြောက် တန်၃၀၊ ငါးစုံလေးခြောက် ၂၃၉ တန်ခန့်နဲ့ ငါးကုန်းညိုခြောက် ၁၀ တန်ဖြစ် ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၁၂၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   စစ်တွေစခန်းမှ ယခုသီတင်းပတ်မှာ ရေထွက်ကုန်တင်ပို့မှုမရှိသော်လည်း ဖေဖော်ဝါရီလ တစ်လလုံးမှာ ရေထွက်ကုန်မျိုးစုံ ၃၁၅ တန်ကျော်တင်ပို့နိုင် ခဲ့ပါတယ်။ အနီးစပ်ဆုံး ဇန်န ဝါရီလထက် တန် ၈၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ စစ်တွေစခန်းမှတင်ပို့ခဲ့တဲ့ ရေထွက်ကုန်တွေကတော့ ရေချိုငါးများဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးခေါင်းပွနဲ့ ငါးသေ တ္တာခြောက်၊ ငါးနီတူခြောက်တွေပဲဖြစ်ပါတယ်။

ယဉ်ယဉ်အေး MIRT (DCCA)