ယာဉ် သုံးစီးပေါ်မှ တရုတ်ဘီယာများကို မူဆယ် Mobile Team မှ သိမ်းဆည်း

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် မတ်လ  ၂ ရက်နေ့ ၁၁ း ၁၅ ချိန်တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တရားမဝင်တင်ဆောင်လာတဲ့ ဒိုင်နာယာဉ်အမှတ် 8k/ xxxx ပေါ်မှ တရုတ်ဘီယာဖာ ၅၀ ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ ယင်းနေ့ ၁၆ း ၁၅  ချိန်တွင်လည်း အဆိုပါနေရာတွင် ထော်လာ ဂျီယာဉ်နဲ့ စူပါကာစတန်ယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာသော တရုတ်ဘီယာဖာ ၄၀ ကိုထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်သုံးစီးပေါ်မှ သိမ်း ဆည်းရမိ တရုတ်ဘီယာများရဲ့ ခန့်မှန်းတန်ဖိုးမှာကျပ်  ၅ သိန်း ၄ သောင်းခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့်စစ်ဆေးကာ မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

DCCA