FDA ထောက်ခံချက်မပါရှိတဲ့ တစ်ဖက်နိုင်ငံထုတ်ကြက်အူချောင်းများသိမ်းဆည်းရမိ

   နောင်ချိုမြို့ အေးရှားဝေါ တိုးဂိတ်အနီးအခြေပြုတဲ့ Mobile Team (လရ-၁) အဖွဲ့သည်  ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် မူဆယ်မှမန္တလေးသို့မောင်းနှင်လာပြီး ဝင်ရောက်စစ်ဆေး ခံတဲ့ ခရီးသည်တင်ယာဉ်အား စစ်ဆေးရာယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာတဲ့ FDA ထောက်ခံချက်မပါရှိတဲ့ တစ်ဖက်နိုင်ငံထုတ် အကောက်ခွန်မဲ့ကြက်အူချောင်းများကိုသိမ်း ဆည်းရမိခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင်လည်း မတ်တူးယာဉ်ပေါ်မှ တစ်ဖက်နိုင်ငံထုတ် အကောက်ခွန်မဲ့ ကြက်အူချောင်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ပါ တယ်။ သိမ်းဆည်းရမြိကက်အူချောင်းများကို အကောက်ခွန်အမှုတွဲဖွင့်လှစ်ကာစားသုံးရန်မသင့်တဲ့အတွက် အဖွဲ့စုံဖြင့် မီးရှို့ဖျက်ဆီးမယ်လို့သိရပါတယ်။

DCCA