ID ထက်ပိုမိုတင်ဆောင်လာတဲ့ အလှကုန်ပစ္စည်းများနဲ့ ID မဲ့ ကားအပိုပစ္စည်းများသိမ်းဆည်းရမိ
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြု၍ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်နေသော Mobile Team လရ-၂အဖွ့ဲဟာ ဖေဖော်ဝါရီလ၃ ရက်မှ ၆ ရက်ထိလေးရက်တာကာလအတွင်းမှာ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းပေါ်မှ ၆ဘီး၊ ၁၂ ဘီး၊၂၂ဘီး သွင်းကုန် Duty ယာဉ်များအား စစ်ဆေးစဉ် ယာဉ် ၁၂ စီးပေါ်မှ ID ထက်ပိုမိုသယ်ဆောင်လာသော စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများကိုးစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ID ထက်ပိုမိုသယ်ဆောင်လာတဲ့ စားသောက်ကုန်များမှာ နာနတ်ဖျော်ရည်၊ Soy Milk၊ Oyster Sauce၊ Sponsor အချိုရည်၊ ကြာဆံခြောက်၊ ငံပြာရည်၊ အချိုရည်၊ နို့ဆီ၊ နို့စိမ်း ဟင်းချက်ရာနဲ့ မုန့်ဖုတ်ရာမှာအသုံးပြု တဲ့ Dairy Half Creamer စုစုပေါင်း ကျပ် ၁၁ ဒသမ ၉၀၀ သိန်းဖိုးကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်တားဆီးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အိမ်သုံးပစ္စည်းနဲ့လုပ်ငန်းသုံးပစ္စည်းများဖြစ်တဲ့ Plastic Floor Mat၊ Net Shade၊ Water Container များ ကျပ် ၂၀ဒသမ ၃၀၀ သိန်းဖိုးကိုလည်း တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
DCCA