Chang Beer ကျပ် ၃၁ သိန်းကျော်ဖိုးအား သိမ်းဆည်းရမိ

   ညောင်ခါးရှည်-ဘုရားပျို-ဝေါ ရှောင်ကွင်းလမ်းနံဘေးမှာ စုပုံထားရှိတဲ့ ကျပ်  ၃၁ ဒသမ ၅၀၀ သိန်းတန်ဖိုး ရှိ တရားမဝင်ကန့်သတ်ကုန် Chang Beer ၂၁၀ တာ ( 1 x 24 x 500 မီလီလီတာ)ကို Mobile Team အဖွဲ့ (၂) က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

   Mobile Team  အဖွဲ့ (၂)အား ရှောင်ကွင်း၍ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်စုပုံထားရှိကြောင်း သတင်းအရစေလွှတ် ရှာဖွေရာမှာတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့သတင်းရရှိပါတယ်။

DCCA