တမလန်းဟုယူဆရတဲ့သစ်လုံးများ ဖရဲသီးများအောက်တွင် သိုဝှက်သယ်ဆောင်

   ဖေဖော်ဝါရီ ၁၇ ရက်က မန္တလေး-မူဆယ်လမ်းကြောင်း နောင်ချိုယာယီ အခြေပြု  Mobile Team အဖွဲ့ထံဝင်ရောက်စစ်ဆေးခံသော ဖရဲသီးများတင်ဆောင်လာတဲ့ ၁၀ ဘီး Nissan Diesel ယာဉ်အား ရပ်တန့်စစ်ဆေးရာမှာ ဖရဲသီးများအောက်မှာ သိုဝှက်သယ်ဆောင်လာတဲ့ တမလန်းလို့ယူဆရတဲ့ သစ်လုံးများကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းခဲ့ရ တယ်လို့သတင်းရရှိပါတယ်။ ယာဉ်အား အသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့သိရပါတယ်။

   တမံလန်းလို့ ယူဆရတဲ့ တရားမဝင်သစ်များနဲ့သယ်ဆောင်လာတဲ့ ယာဉ်အားသိမ်းဆည်းပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲများဖွင့်လှစ်ကာ မြို့နယ်သစ်တော ဦးစီးဌာနနဲ့ အကောက်ခွန်ဦးစီးဌာနများသို့ အပ်နှံသွားမယ်လို့သိရပါတယ်။

   အလားတူ နံနက် ၀၅ း ၃၀ ချိန်ကလည်း Nissan Diesel ၆ ဘီးယာဉ် အား ရပ်တန့်စစ်ဆေးစဉ် ကလည်း ဖရဲ သီးများအောက်မှာ တမလန်းဟု ယူဆ ရသော သစ်လုံးများကို စစ်ဆေးတွေ့ရှိတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

DCCA