ရှောင်ကွင်းလမ်းမှာ စုပုံထားရှိတဲ့ တရားမဝင်ကန့်သတ်ကုန်စည်များဖမ်းမိ

   ညောင်ခါးရှည်-ဘုရားပျို-ဝေါ ရှောင်ကွင်းလမ်းနံဘေးမှာ Mobile Team အားရှောင်ကွင်း၍ တရားမဝင်ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်ရန် စုပုံထားရှိကြောင်း သတင်းရရှိ သဖြင့် စေလွှတ်ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက်မှာ လမ်းနံဘေးမှာ စုပုံထားတဲ့ တရားမဝင်ကန့်သတ်ကုန်ပစ္စည်းများဖြစ်တဲ့ Beer Chang ဘူးရှည် ၁၃၀ တာ၊ ဘူးတို  ၄၉၅ တာ၊ Diablo Beer ၁၂%  ၁၀၀ တာ စုစုပေါင်း ၇၂၅ တာနဲ့ အကောက်ခွန်မဲ့ Sprite အချိုရည် ၂၅ တွဲကို တွေ့ရှိခဲ့ရတယ်လို့ ရှေ့ပြေးသတင်းသိရပါတယ်။  လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ်ခြင်းအား ဆက်လက်ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။