တရုတ်နယ်စပ်ကရော ဘင်္ဂလားဒေ့ရှ်နယ်စပ်ကပါ လဲမှို့တန် ၂၇၀ တင်ပို့

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော် ဝါရီလ ၇ ရက်မှ ၁၃ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၂၇ သန်းတန်ဖိုးရှိ လဲမှို့ တန် ၂၇၀ တင်ပို့ခဲ့ပါတယ်။  ယခင်သီတင်းပတ်က တန်ချိန် ၁၀၉၁ တန် တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ  လဲမှို့တင်ပို့မှု ၈၂၁ တန် လျော့နည်းသွားခဲ့သလို ဝါဂွမ်းတင်ပို့မှုမှာလည်း ယခင်သီတင်းပတ်က ၂၀၂ တန်ခွဲတင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ်မှာတော့ ၁၂ တန်သာတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုဝါစေ့နဲ့ ဝါဂွမ်းဈေးများလျော့ကျပြီး မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ဝါပွဲရုံတွေနဲ့ ဝါကြိတ် စက်များမှာ အမြတ်ရရှိမှုနည်းပြီး ဝင်ငွေလည်း လျော့ကျခဲ့ကြောင်း၊ ကုန်ချောဈေးနှုန်းလျော့ကျလို့ ကုန်ကြမ်းရောင်းချသူတွေ အဆင်မပြေဖြစ် ရပြီး ဝါစိုက်တောင်သူများလည်း စိုက်စရိတ်ရှုံးနေကြကြောင်း၊ ရမည်းသင်းရှိ ဝါ ကြိတ်စက်လုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။

   ယခုသီတင်းပတ်မှာ မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးမှလည်း ကန်ဒေါ်လာ ၈၅၀၀ တန်ဖိုးရှိတဲ့ လဲမှို့ ၁၀ တန်ကိုတင်ပို့ခဲ့ပါတယ်။

မော်မောင်အောင် MIRT (DCCA)