မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ရှဲလ်ဆီဆိုင်အနီးရှောင်ကွင်းလမ်းမှ လူသုံးအိမ်သုံးပစ္စည်း ၃၄ မျိုးခန့်တွေ့ရှိသိမ်းဆည်း

   မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဒုညွှန်မှူးဦးစီးတဲ့အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် နံနက် ၀၆း၃၅ ချိန်တွင် မူဆယ်(၁၀၅) မိုင်ကုန် သွယ်ရေးဇုန်ရှဲလ်ဆီဆိုင်အနီး ရှောင်ကွင်းလမ်းမှ ဖိနပ်အိတ် (ကျား/မ လူကြီးကလေးဆိုဒ်စုံ) ၊ စောင်ထုပ်၊  အထည်မျိုးစုံ၊ ဓာတ်ဘူး၊ ကြွေပုဂံလုံးနဲ့ ကြွေပန်းအိုးစတဲ့ လူသုံးအိမ်သုံး ပစ္စည်း ၃၄ မျိုးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ သိမ်းဆည်းရမိအကောက်ခွန်မဲ့ လူသုံးအိမ်သုံးပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၄၂ ဒသမ ၂၄၆ ခန့်ဖြစ် ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

DCCA