မြိတ်နှင့် ကော့သောင်းနယ်စပ်တို့်မှ ငါးမှုန့်နှင့် ရေဘဝဲတို့ပိုမိုတင်ပို့နိုင်

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက် အတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ငါးမှုန့် တန် ၈၃၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့အတွက် ယခင်တစ်ပတ်ထက် တန် ၈၃၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းမှာလည်း တန်ချိန် ၁၆၅၀ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၁၁၅ သန်း တင်ပို့နိုင်ခဲ့ပါတယ်။

   ဒါ့အပြင် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက် အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၀၆ သန်းတန်ဖိုးရှိ ရေဘဝဲ ၃တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အပြင် ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၈၉၈ တန်ကျော်၊ ပုစွန် ၇ တန်ကျော်၊ ကင်းမွန် ၁၃ တန်ကျော်နဲ့ ပင်လယ်ငါးရှဉ့် ၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် တစ်ပတ်က ရေဘဝဲကီလိုအနည်းငယ်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)