စုပုံထားတဲ့ ကြိတ်သားအလှပြင်စင်၊ TV စင်နဲ့ ဆိုင်ကယ်အပိုပစ္စည်းများတွေ့ရှိ

 မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားနဲ့ Mobile Team အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးခေါင်ဆောင်တဲ့အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အေးရှားဝေါလ် တိုးဂိတ်အနီး ရှောင်ကွင်းလမ်းပေါ်မှာ စုပုံထားတဲ့ ကြိတ်သားအလှပြင်စင် ၁၅  စုံနဲ့ ကြိတ်သား TV စင် နှစ်ဖာတို့ကို ပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ အလားတူဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း အဆိုပါရှောင်ကွင်းလမ်းပေါ်မှာ ဆိုင်ကယ်အပိုပစ္စည်းများနဲ့ အင်ဂျင်ဝိုင်များကိုလည်း ထပ်မံသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိတဲ့ ကြိတ်သားအလှပြင်စင်၊ TV စင်၊ ဆိုင်ကယ်အပိုပစ္စည်းများနဲ့ အင်ဂျင်ဝိုင်များရဲ့ ခန့်မှန်းတန်ဖိုးမှာကျပ် ၁၀ သိန်းနီးပါးဖြစ်တယ်လို့သိရပါတယ်။ စစ်ဆေးတွေ့ရှိ တရားမဝင် ကုန် ပစ္စည်းများကို အဖွဲ့စုံဖြင့်စစ်ဆေးပြီး မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီးဖြစ်ပါတယ်။

DCCA