ဆောင်းပြောင်းများအရည်အသွေးထိန်းပြီး တစ်ဖက်ကုန်သည်များ စိတ်ကြိုက်တွေ့ရန်ကြိုတင်ပြင်ဆင်ထားရန်လို
ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အနေဖြင့် ဆောင်းပြောင်းများစတင်တင်ပို့လာနိုင်မည်ဖြစ်ပြီး ပြောင်းကုန်သည်များမှ မိမိတို့ပြောင်းအရည်အသွေးထိန်းသိမ်းပြီး တစ်ဖက်ကုန်ဝယ်သူများ စိတ်ကြိုက်တွေ့ရန် ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံ ဦးဇော်ဝမ်းမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေးကောင်းပါက ဈေးကွက်ရရှိမှုအပြင် ဈေးကောင်းလည်းရရှိလာမည်ဖြစ်တဲ့အတွက် ဂရုပြုဆောင်ရွက်သွားရန် ကုန်သည်လုပ်ငန်းရှင်များအား ပြောကြား ခဲ့တယ်လို့သတင်းရရှိပါတယ်။
ခင်မိုးသူ MIRT (DCCA)