နယ်စပ်စခန်းများမှ ရော်ဘာပိုမိုတင်ပို့

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့  ချင်းရွှေဟော်စခန်းမှ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၅၃ သန်း တန်ဖိုးရှိ ရော်ဘာ ၉၅၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။

   မူဆယ် ၁၀၅ မိုင်မှ RSS - 3  ၇၇၅ တန်ကျော်နဲ့  MSR -20 ၆၇ တန်တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်ထက် ၂၆၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်စခန်းမှ RSS - 3 ၁၁၁ တန်တင်ပို့နိုင်ပြီး ယခုတစ်ပတ်မှာ ၁၆ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ယခုရက်သတ္တပတ်အတွင်း မူဆယ် ကုန်စည်ဒိုင်မှာဖြစ်ပေါ်နေတဲ့ ရော်ဘာဈေးကတော့ အနည်းငယ်အတက်ရှိနေကြောင်းသိရပါတယ်။ ရော်ဘာ RSS - 3 တစ်တန်ကို ယခင် တစ်ပတ်က ၁၄၆၉၈၆၉ ကျပ်ရှိရာမှ ယခုတစ်ပတ်မှာ ၁၄၇၂၂၈၆ ကျပ်သို့မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ယဉ်ယဉ်အေး MIRT (DCCA)