ဇန်နဝါရီလ ၂၃ ရက်တာကာလအတွင်းပင်လယ်ငါးရှဉ့် ၁၁ တန်ကျော်တင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၁ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ပင်လယ် ငါးရှဉ့် ၁၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ပင်လယ် ငါးရှဉ့်အပြင် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၉၃၈ သန်း တန်ဖိုး ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၃၃၉၃ တန်ကျော်၊ ကင်းမွန် ၉၅ တန်ကျော်၊ ပုစွန် ၁၅ တန်ကျော်၊ ခရုကမာခွံ ၁၉ တန်ကျော် ပင်လယ်ငါးရှဉ့် ၁၁ တန်ကျော်နဲ့ ရေဘဝဲ ၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)