၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ITC နဲ့ ကုန်သွယ်မှု ကျပ်သန်း ၇၀၀၀ ကျော်

   တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ITC ဖြင့် ကုန်သွယ်ခွင့်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းတမူးနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် စတင်ကုန်သွယ်မှု ခွင့်ပြုလျက်ရှိ ရာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ မြဝတီ၊ တာချီလိတ်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်၊ ကန်ပိုက်တီး၊ ရိဒ်၊ မြိတ်၊ ကော့သောင်း၊ ထန်တလန်၊ မောတောင်၊ ထီးခီး၊ မန္တလေးတိုင်းဦးစီးမှူးရုံး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံရုံးခွဲ၊ ကချင်ပြည်နယ်မြစ်ကြီးနား ကူးသန်းရောင်းဝယ်ရေးစခန်းများတွင်လည်း ITC ကတ် နဲ့အသီးသီးခွင့်ပြုခဲ့ပြီးဖြစ် ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၅ ဇန်နဝါရီလ ၂၃ ရက် နေ့ထိနယ်စပ်စခန်းများမှ ပို့ကုန်ကျပ်သန်းပေါင်း ၂၃၈၃ ဒသမ ၀၁၂ ၊ သွင်းကုန်ကျပ် သန်းပေါင်း ၅၀၁၄ ဒသမ ၈၄၆ ကုန်သွယ်မှုပမာဏ ကျပ်သန်းပေါင်း ၇၃၉၇ ဒသမ ၈၅၈ ကုန်သွယ်နိုင်တာတွေ့ရပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ITC နဲ့ အများဆုံး ကုန်သွယ်မှုပြုလုပ်နေတဲ့စခန်းများကတော့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်း၊ တမူး နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကျိုင်းတုံရုံးခွဲ၊ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းများပဲဖြစ်ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ဒီဇင်ဘာလအတွင်း ITC နဲ့ အများဆုံးတင်ပို့တင် သွင်းတဲ့ ပစ္စည်းများကတော့ ဆံပင်နဲ့ ဆပ်ပြာမှုန့်တို့ဖြစ်ပြီး ကန်ပိုက်တီးနယ်စပ်မှ ITC နဲ့ တင်ပို့တင်သွင်းလျက်ရှိတဲ့ပစ္စည်းများကတော့ ပြောင်းဖူးစေ့၊ Iron nail၊ Roofing nail၊  ဆိုင်ကယ်အပိုပစ္စည်း၊ မီးသီး၊ ထုပ်ပိုးစက္ကူ၊ ပန်းသီး၊ ကလေးဝမ်းဆက်၊ ကလေးဖိနပ်၊ မီးချောင်း၊ လိမ္မော်သီး၊ မစီးဖိနပ်၊ စောင်၊ ခရီးဆောင်အိတ်၊ ဓာတ်ဘူးတို့ဖြစ်ပါတယ်။

ခင်မိုးသူ MIRT (DCCA)