မြဝတီနဲ့ ကော့သောင်းမှ ရေထွက်ကုန်ပိုမိုတင်ပို့

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်း၊ မြိတ်နယ်စပ် ကုန် သွယ်ရေးစခန်းတို့မှ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄၃၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်  ၂၅၃၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

   နယ်စပ်စခန်းအလိုက် ဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန်မှ  ကန်ဒေါ်လာ သုည ဒသမ ၁၈၆ သန်း တန်ဖိုးရှိ ငါးမျိုးစုံ တန် ၁၀၀ နီးပါး၊ ကဏန်း ၁၀ တန်ကျော်၊ ပုစွန် ၄ တန် ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၈၃ သန်းတန်ဖိုးရှိ ငါးမျိုးစုံ  ၂၂  တန် ကျော်၊ ကင်းမွန် ၄၈ တန်ကျော်၊ ပုစွန် ၄ တန်ကျော်၊ ခရုကမာခွံ ၁၉ တန်ကျော်၊ ပင်လယ်ငါးရှဉ့် ၃ တန်ကျော်နဲ့ ရေဘဝဲ ၁ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၀၁ တန် ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။   

ခင်မြနွယ် MIRT (DCCA)